တရုတ်တွင် မြေပြိုမှုဖြစ်ရာ လူ ၂၁ ဦးသေဆုံး

တရုတ်တွင် မြေပြိုမှုဖြစ်ရာ လူ ၂၁ ဦးသေဆုံး

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် မြေပြိုမှုဖြစ်၍ လူပေါင်း ၂၁ ဦးသေဆုံးပြီး ကယ်ဆယ်ရေးအင်အား ၂၀၀၀ ကျော်ဖြင့် ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်နေလျက်ရှိသည်။

ကျီကျိအန်းပြည်နယ် လီတုံမြို့တွင် မိုးရက်ဆက်ရွာပြီးနောက် မြေပြိုခြင်းဖြစ်သည်။ မြေပြိုမှုက နိုဝင်ဘာ ၁၃ ရက် ည ၁၁ နာရီမထိုးမီ ဖြစ်ပွားခြင်ဖြစ်ပြီး အိမ်ပေါင်း ၃၀ နီးပါး မြေအောက် ရောက်ခဲ့သည်။

ကျေးရွာအပိုင်းတော်တော်များများ မြေအောက် နစ်မြုပ်နေပြီး ကယ်ဆယ်ရေးများက ခက်ခက်ခဲခဲလုပ်ဆောင်နေရသည်။ လက်ရှိ ပျောက်ဆုံးသူဦးရေမှာ ၁၆ ဦးရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

ကယ်ဆယ်နိုင်သူမှာ တစ်ဦးတည်သာ ရှိသေးကြောင်း ဒေသတာဝန်ရှိသူများက ဆိုသည်။ ကယ်ဆယ်ရေးသမားများ၊ အနံ့ခံခွေးများနှင့် စက်ယန္တရားများဖြင့် ကယ်ဆယ်ရေးကို ဆောင်ရွက်လက်ရှိသလို ဒုက္ခကြုံတွေ့ရင်ဆိုင်ခဲ့ရသူများကို ကူညီရန် စိတ်ရောဂါဆရာဝန်များကိုလည်း ဖြစ်ပွားရာသို့ စေလွှတ်ထားကြောင်း ဒေသတာဝန်ရှိသူများက ပြောသည်။

ပျောက်ဆုံးနေသူအများစုမှာ ကလေးများနှင့် အသက်ကြီးပိုင်းများဖြစ်ကြောင်း ဒေသတွင်း မီဒီယာတွင် ဖော်ပြပြီး အဆိုပါ သဘာဝဘေးအတွင်း အိမ်များ ပျက်စီးဆုံးရှုံးခဲ့သူများအတွက် နစ်နာကြေးပေးရန်လည်း သဘောတူပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required