ပြင်သစ်သို့ပြန်မလာရဲဟု ပီအက်စ်ဂျီနောက်ခံလူ ဒေးဗစ်လုဇ်ပြော

ပြင်သစ်သို့ပြန်မလာရဲဟု ပီအက်စ်ဂျီနောက်ခံလူ ဒေးဗစ်လုဇ်ပြော

ပြင်သစ်မြို့တော်ပဲရစ်တွင် လူပေါင်း ၁၂၉ ဦး၏အသက်ကိုသေဆုံးစေခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ အပြီးတွင် ပီအက်စ်ဂျီနောက်ခံ လူ ဒေးဗစ်လုဇ်က အသင်းသို့ပြန်လာချင်စိတ် မရှိဟု   ပြောသည်။

နိုင်ငံပွဲကစားရန်အတွက် ဘရာဇီးလက်ရွေးစင်အသင်းသို့ရောက်နေသည့် လုဇ်သည် အင်္ဂါနေ့ ပီရူးနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲပြီးနောက် ဥရောပ သို့ ပြန်လာရန် စီစဉ်ထားသည်။

သို့သော် ချယ်လ်ဆီးမှ ပီအက်စ်ဂျီသို့ ပေါင်သန်း ၅၀ ဖြင့်ပြောင်းရွှေ့ထားသည့် နောက်ခံလူက ပဲရစ်တွင် မိသားစုနှင့်သူငယ်ချင်းများ၏ လုံခြုံ ရေးအတွက် ထိတ်လန့်မိသည်ဟု ပြောသည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဒေးဗစ်လုဇ်သည် အာဂျင်တီးနားနှင့် တစ်ဂိုးစီသရေကျသောပွဲတွင် ဝင်ရောက်ကစားခွင့်ရခဲ့ပြီး ပွဲပြီးခါနီးတွင် ထုတ်ခံ ခဲ့ရသည်။

"ပဲရစ်မှာ ကျွန်တော့် ချစ်သူ၊ မိသားစုဝင်တစ်ချို့နဲ့ သူငယ်ချင်းတွေရှိပါတယ်။ သူတို့အားလုံး ကြောက်ရွံ့ဝမ်းနည်းနေကြတယ်။ ကျွန်တော် ဘာသွားလုပ်ရမလဲ၊ ပြန်သွားရမလား မခွဲခြားတတ်ဘူး။ ပီအက်စ်ဂျီမှာကစားဖို့က ကျွန်တော့်အလုပ်ပါ။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိရင်တော့ ပြန်မသွားတော့ဘူး"ဟု ဒေးဗစ်လုဇ်က ပြောသည်။

Ref; Daily Mai

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required