အယ်ကလက်စီကိုပွဲအမီ မက်ဆီပြန်ကောင်းလာမည်ဟု ဘာစီလိုနာအသင်းဖော်အက်ဒရီယာနိုပြော

အယ်ကလက်စီကိုပွဲအမီ မက်ဆီပြန်ကောင်းလာမည်ဟု ဘာစီလိုနာအသင်းဖော်အက်ဒရီယာနိုပြော

လာမည့်တစ်ပတ် ရီးယဲလ်မက်ဒရစ်နှင့်ပွဲအမီ မက်ဆီပြန်ကောင်းလာမည့်ဘက်မှ လောင်းကြေးထပ်လိုသည်ဟု ဘာစီလိုနာနောက်ခံလူ အက်ဒရီယာနိုက ပြောဆိုလိုက်သည်။

ကမ္ဘာ့အကောင်းဆုံးဆုလေးကြိမ်ရ မက်ဆီသည် စက်တင်ဘာအတွင်းလက်စ်ပါးမက်နှင့်ရင်ဆိုင်ရသည့်ပွဲနောက်ပိုင်းကတည်းက အနားယူနေ ခဲ့ရသူဖြစ်သည်။

သို့သော် ၎င်း၏အသင်းဖော်က ယခုတစ်ပတ်တွင်လေ့ကျင့်ခန်းပြန်ဆင်းနေသည့် မက်ဆီသည် စနေနေ့တွင်ကစားမည့် အယ်ကလပ်စီကိုပွဲ၌ ပါဝင်ကစားနိုင်ဖွယ်ရှိသည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။

"သူ့အခြေအနေက သိပ်တိုးတက်နေတယ်။ ပွဲကစားနိုင်ဖို့အရာရာလုပ်နေပြီး သူ့ကိုပြန်ရလိုက်ရင်တော့ အသင်းကအများကြီးပြောင်းလဲသွား မယ်။ သူကစားနိုင်တာနဲ့ မကစားနိုင်တာ ကွာခြားပါတယ်။

ဒါပေမဲ့သူမရှိချိန်မှာ ကျွန်တော်တို့စုစုစည်းစည်းဖြစ်အောင်ကြိုးစားခဲ့ပြီး ပွဲတွေကို ရှေ့ဆက်ရင်ဆိုင်ခဲ့ပါတယ်။ အယ်ကလက်စီကိုပွဲမှာ သူကစား နိုင်မလားဆိုတဲ့ဘက်က လောင်းကြေးထပ်မလားဆိုရင် လောင်းကြေးထပ်မိမှာပါ"ဟု အက်ဒရီယာနိုက မန်ဒိုဒီပို့တီဗိုသတင်းစာသို့ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly