နှစ် ၂၅၀၀ ကျော်က အီဂျစ်မံမီ ခေါင်းတလားတွေ တွေ့ရှိ

07 October 2020
နှစ် ၂၅၀၀ ကျော်က အီဂျစ်မံမီ ခေါင်းတလားတွေ တွေ့ရှိ

အီဂျစ်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ကမြှပ်နှံထားတယ်လို့ ယူဆရတဲ့ သစ်သားခေါင်းတလား ၆၀ နီးပါး နောက်ဆုံးတူးဖော်တွေ့ရှိခဲ့ပြီးနောက် အောက်တိုဘာလ ၃ ရက်နေ့ကတော့ အများပြည်သူကို ပြသခဲ့ပါတယ်။ အီဂျစ်ရှေးဘုရင်လက်ထက်က ဘုန်းကြီးတွေနဲ့ ထင်ရှားတဲ့ စာရေးစာချီတွေရဲ့မံမီရုပ်အလောင်းတွေလို့ ယူဆရပြီး အီဂျစ်နိုင်ငံရဲ့ အထင်ကရ Grand Egyptian ပြတိုက်မှာ ရှေ့နှစ်ကျရင် အများပြည်သူကို ပြသနိုင်ဖို့ လုပ်ဆောင်နေကြတာပါ။ရိုက်တာသတင်းဆောင်းပါးကို နန်းလောင်ဝ် တင်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required