ကြိုတင်မဲအရေအတွက်ဟာ NLD ပဲ 100 ရာခိုင်နှုန်း မဲရရှိသွားတယ်ဆိုတဲ့ သတင်းအမှား

ကြိုတင်မဲအရေအတွက်ဟာ NLD ပဲ 100 ရာခိုင်နှုန်း မဲရရှိသွားတယ်ဆိုတဲ့ သတင်းအမှား

အောက်တိုဘာ ၆

အောက်တိုဘာ ၁ရက်နေ့ကစလို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အတွက် သက်ဆိုင်ရာသံရုံးတွေမှာ ကြိုတင်မဲပေးနေကြပြီပဲဖြစ်ပါတယ်။  

တစ်ချိန်တည်းမှာပဲ ဒီကြိုတင်မဲပေးရတာတွေနဲပတ်သက်လို့ သတင်းအမှားတွေလည်းထွက်ပေါ်လာပါတယ်။  

အဲ့ဒါတွေကတော့ စင်္ကာပူကြိုတင်မဲအားလုံး NLDပဲဖြစ်တဲ့အကြောင်း ကိုရီးယားကြိုတင်မဲအားလုံး NLDပဲဖြစ်တဲ့အကြောင်း ထိုင်းကြိုတင်မဲအားလုံး NLDပဲဖြစ်တဲ့အကြောင်း စသဖြင့် သတင်းအမှားတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

ဒီလိုသတင်းအမှားတွေကိုတော့ အေးမြတ်၊ မြလှိုင်ဘီအမ်ပီကင်းတို့က သူတို့ရဲ့ လူမှုကွန်ရက်အကောင့်မှာ ဖြန့်ဝေခဲ့ပြီး ကိုမြသန်းနဲ့ ဦးကိုနိုင်တို့ကတော့ အမေ့သားသမီးများစုံစည်းရာ ဂရုနဲ့ NLDထောက်ခံသူများစုံစည်းရာ ဂရုတို့မှာဖြန့်ဝေခဲ့ပါတယ်။  

တကယ်တော့ ကြိုတင်မဲတွေဆိုတာ ဒီနေ့ပေး ဒီနေ့သိရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီကြိုတင်ဆန္ဒမဲတွေကိုတော့ မြန်မာနိုင်ငံမှာ  နိုဝင်ဘာ ၈ ရက်နေ့မှာပဲ ကျင်းပပြီးစီးမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြီးပြီးတဲ့ နောက်မှာမှ အတူစုပေါင်းပြီး မဲတွေကို ရေတွက်ကြတာဖြစ်ပါတယ်။  

ဒါနဲ့ပတ်သက်လို့လည်း People’s Alliance for Credible Elections(PACE) ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့မှ ပရိုဂရမ်မန်နေဂျာ ကိုဟန်စိုးထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly