ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် အသေရေဖျက်မှုအမှုဟောင်းဖြင့် ဖမ်းဆီးခံရ

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် အသေရေဖျက်မှုအမှုဟောင်းဖြင့် ဖမ်းဆီးခံရ

ကမ္ဘောဒီးယားနိုင်ငံတွင် ပြစ်မှုမြောက်စီရင်ထားသော်လည်း အသေရေဖျက်မှုဖြင့် ပြစ်ဒဏ်ကျခံရခြင်း မရှိထားသေးသည့် အတိုက်အခံခေါင်းဆောင် ဆမ်ရိန်းစီအား တရားရုံးတစ်ရုံးတစ်ရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။

ယခုဖြစ်ရပ်သည် ဆမ်ရိန်းစီက ဆယ်စုနှစ်သုံးစုစာ အာဏာပိုင်စိုးခဲ့သည့် ဝန်ကြီးချုပ်ဟွန်ဆန်အား ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းသင့်သည်ဟု တိုက်တွန်းစကား ပြောပြီးနောက် ဖြစ်ပျက်လာခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။

ဖနွမ်းပင်တရားရုံးက ဆမ်ရိန်းစီကို ရဲများထံ ဖမ်းဝရမ်းထုတ်ကာ အသေရေဖျက်မှုဖြင့် နှစ်နှစ်တာ ပြစ်ဒဏ်ချခံရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဝရမ်းကော်ပီကို သတင်းရရှိထားသည့် အေအက်ဖ်ပီက ဖော်ပြသည်။

ဆမ်ရိန်းစီအား ဖမ်းဆီးမှုသည် ၂၀၁၁ ခုနှစ်အတွင်းက နိုင်ငံခြားရေးဝန်ကြီးဟောင်း ခန်မာရော့ခ်အဖွဲ့ဝင်များအား စွပ်စွဲပြောဆိုသွားခြင်းအတွက် ၎င်းကိုယ်တိုင် နိုင်ငံတွင်းက ထွက်ခွာသွားစဉ်က ပြစ်မှုဟောင်းဖြင့် အရေးယူ ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags