တေးဂီတပညာရှင် JYP ကြေးအမြင့်ဆုံး ရရှိတဲ့ ဂီတပညာရှင်အဖြစ် သတ်မှတ်ခံရ

တေးဂီတပညာရှင် JYP ကြေးအမြင့်ဆုံး ရရှိတဲ့ ဂီတပညာရှင်အဖြစ် သတ်မှတ်ခံရ

တောင်ကိုရီးယား တေးဂီတပညာရှင် JYP သည် ပြီးခဲ့သည့်နှစ်က တေးသီချင်း ရောင်းချရမှု တွင် ကြေးအမြင့်ဆုံး ရရှိသည့် တေးဂီတ ပညာရှင် ဖြစ်ခဲ့သည်။

JYP ဟု လူသိများသော တေးဂီတပညာရှင် ပက်ခ်ဂျင်ယောင်သည် တေးရေးဆရာ၊ သီချင်းရေး ဆရာများအပါအဝင် တေးဂီတ ပညာရှင်များထဲတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပြီး ယင်းနောက်တွင်တေးရေး ဆရာ ချိုယောင်ဆုက ရပ်တည်လျက်ရှိကြောင်း ဂီတလုပ်ငန်း စောင့်ကြည့်သူများ၏ ပြောကြားချက်ကို ကိုးကား၍ ကိုရီးယား တေးဂီတ မူပိုင်ခွင့် အဖွဲ့က ပြောကြားသည်။

တေးဂီတအဖွဲ့ Busker Busker နှင့် အဆိုတော် သီချင်းရေးဆရာ ဂျောင်ဘီအွမ်ဂျန်၏ Cherry Blossom Ending တေးသီချင်းတို့သည်လည်း ထိပ်တန်း ၁၀ နေရာတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့သည်။
ပက်ခ်သည် တေးသီချင်း ရောင်းချရမှုတွင် ဝမ်ငွေ နှစ်ဘီလျံခန့် ရရှိခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required