One Direction အဖွဲ့ကို လာမယ့်နှစ်တွင် ခေတ္တရပ်နားပြီး ပြန်ပေါင်းစည်းသွားမည်

One Direction အဖွဲ့ကို လာမယ့်နှစ်တွင် ခေတ္တရပ်နားပြီး ပြန်ပေါင်းစည်းသွားမည်

ဗြိတိန် အဆိုတော်အဖွဲ့ One Direction အဖွဲ့က လာမည့်နှစ်တွင် အဖွဲ့ကို ခတ္တေရပ်နားထားပြီး ပြန်လည် ပေါင်းစည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဖွဲ့ဝင် လီအမ်းပိန်က ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ဖိအားမရှိခြင်းကြောင့် သီချင်းရေးဖို့ အချိန်ရသည့်အတွက် အလွန်ကောင်းကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့အဖွဲ့ကို ခေတ္တရပ်နား ထားပါတယ်။ အဲ့နောက်ပိုင်း ကမ္ဘာလှည့်ဖျော်ဖြေရေးခရီး စဉ်ဘယ်မှာ လုပ်ရမယ်ဆိုတာကို စဉ်းစားနေ ပါတယ်” ဟု လီအမ်းပိန်က ပြောကြားသည်။

“ကျွန်တော်တို့ ပြန်ပေါင်းစည်းသွားမှာပါ။ အဖွဲ့နဲ့ ပရိတ်သတ်တွေအတွက် သီချင်းတွေရေးသား နေပါတယ်။ ကျွန်တော်တို့မှာ တေးသီချင်း အယ်လ်ဘမ်အတွက် သီချင်းရေးဖို့ အမြဲတမ်း အချိန်မရခဲ့ပါ ဘူး။ အမြဲတမ်း အလျင်စလို လုပ်ရတယ်။ ဒါကြောင့် လာမယ့်နောက် နှစ်နှစ်မှာ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ကျွန်တော် သီချင်းအနည်းငယ် ရေးသားသွားမှာပါ” ဟု  လီအမ်းက ပြောကြားသည်။

One Direction အဖွဲ့သည် ပဉ္စမမြောက် တေးသီချင်းအယ်လ်ဘမ် Made in the AM နိုဝင်ဘာ ၁၃ ရက်က ထွက်ရှိပြီးနောက် အဖွဲ့ကို ခေတ္တနားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဖွဲ့ဝင် လူးဝစ်တွမ် လင်ဆန်ကလည်း ၎င်း၏ တေးသီချင်း အယ်လ်ဘမ်သစ်အတွက် အသံသွင်းမှုများ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

One Direction အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပပြုလုပ် မည့်  အမေရိကန် တေးသီချင်းဆုပေးပွဲနှင့် ဒီဇင်ဘာ ၁၁ ရက်တွင် ဘာမင်ဟန်မြို့ Genting အားက စားကွင်း တွင်ကျင်းပပြုလုပ်မည့် ဘီဘီစီ တေးဂီတဆုပေးပွဲတွင် ဖျော်ဖြေသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required