ဘာစီလိုနာကို ရှုံ့ချခဲ့တဲ့ မက်ဆီကြောင့် ဂုဏ်ယူနေတဲ့ ဆွာရက်ဇ်

ဘာစီလိုနာကို ရှုံ့ချခဲ့တဲ့ မက်ဆီကြောင့် ဂုဏ်ယူနေတဲ့ ဆွာရက်ဇ်
Photos: EPA

လူးဝစ် ဆွာရက်ဇ်က ဘာစီလိုနာကနေ လာလီဂါပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ပြီးတဲ့နောက် လီယွန်နယ် မက်ဆီရဲ့ ခုခံကာကွယ်ပေးခဲ့မှုကြောင့် သူဟာ ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။ 

အသက် ၃၃ နှစ်ရှိ ဆွာရက်ဇ်ဟာ နူးကမ့်မှာ ၆ ရာသီအတွင်း ဆုဖလားများစွာ ဆွတ်ခူးပြီးနောက် ယခုအပတ်မှာ ပြောင်းရွှေ့ကြေး ယူရို ၆ သန်းနဲ့ အက်သလက်တီကိုဆီ ပြောင်းရွှေ့ခဲ့တာပါ။ 

သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ်၊ ဘာစီလိုနာကြယ်ပွင့်လည်းဖြစ်သူ မက်ဆီက ဆွာရက်ဇ်ဟာ "ကန်ထုတ်ခံခဲ့ရတာ"ဖြစ်ပြီး သူ့ကို "အံ့အားသင့်စရာ ဘာမှမရှိစေတော့ဘူး"လို့ ကတ်တလန်အသင်းကြီးကို ပြစ်တင်ရှုံ့ချခဲ့ပါတယ်။

ဘာကာမှာ ဆုဖလား ၁၃ ဆွတ်ခူးခဲ့တဲ့ ဆွာရက်ဇ်က သူဟာ အပြုသဘောဆောင်တဲ့ အမြင်မျိုးလို ထားခဲ့ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။

"လီယိုက ကျနော့်ကို ကောင်းကောင်း သိပါတယ်။ ကျနော့်ရဲ့ ယုံကြည်မှုအဆင့်ကို ကောင်းကောင်း သိတယ်။ အပြုသဘောဆောင်တဲ့ အမွေအနှစ်ကို ကျနော့်နောက်မှာ ချန်ထားနိုင်ခဲ့လို့ ဂုဏ်ယူစရာပါပဲ။"လို့ သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

"အခု ကျနော် ပြောင်းရွှေ့ခဲ့ပြီး ဒီပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းနဲ့ ပူးပေါင်းတာဟာ အဓိက စိတ်ပိုင်းဆိုင်ရာ လှုံ့ဆောင်မှုတစ်ခုဖြစ်ပါတယ်။" 

ပြီးခဲ့တဲ့ရာသီက ဆွာရက်ဇ်ဟာ ၃၆ ပွဲမှာ ၂၁ ဂိုးသွင်းယူခဲ့ပေမယ့်လည်း ဘာကာနည်းပြသစ် ရော်နယ်လ်ကိုးမန်းဟာ အသင်းကို ပြန်လည်တည်ဆောက်ရာမှာ ဥရုဂွေးကစားသမားအတွက် နေရာမရှိခဲ့ပါဘူး။

တိုက်စစ်မှူးက စပိန်မှာ အခြားအသင်းကြီးနဲ့ ပူးပေါင်းတာဟာ သူ့အတွက် ကြီးမားတဲ့ လှုံ့ဆော်မှုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

"စပိန်ရဲ့ ကြီးကျယ်တဲ့ ကလပ်အသင်းတစ်သင်းမှာ ကစားခွင့်ရဆိုကတည်းက စိတ်ဓာတ်ခွန်အားတွေ ဖြစ်ပြီးသားပါ။ အက်သလက်မှာ အဲဒီလိုမျိုး လှုံ့ဆော်နိုင်အားတွေ အပြည့်ရှိပါတယ်။"လို့ ဆွာရက်ဇ်က ပြောပါတယ်။ 

"သူတို့မှာ ကစားသမားကောင်းတွေ ရှိတယ်။ လာလီဂါထိပ်ဆုံးနေရာမှာ ရှိနေဖို့နဲ့ လိဂ်ပြိုင်ပွဲအတွက် အမြဲတမ်း တိုက်ပွဲဝင်နေတဲ့ မာကျောတဲ့ ပြိုင်ဘက်အသင်းတစ်သင်းပါ။" 

"ပရိသတ်တွေနဲ့ နည်းပြ [ဆီမြွန်နီ]တို့က အများကြီးကို လှုံ့ဆောင်ပေးတယ်။" 

အက်သလက်တီကိုအသင်းဟာ တနင်္ဂနွေနေ့မှာ ဂရန်းနာဒါးအသင်းနဲ့ အိမ်ကွင်းမှာ သူတို့ရဲ့ ၂၀၂၀-၂၁ ရာသီကို စတင်မှာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required