ဒိုင်နိုဆောကို လေလံပစ်မယ်

24 September 2020
ဒိုင်နိုဆောကို လေလံပစ်မယ်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က လေလံကုမ္ပဏီဖြစ်တဲ့ ခရစ္စတီးလေလံဂေဟာမှာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၇၀ နီးပါးက ကမ္ဘာမြေပေါ် သက်ရှိထင်ရှားရှိခဲ့တဲ့ ခြေချောင်း လက်ချောင်း ၃ ချောင်းပါ ဒိုင်နိုဆောအနွယ်ဝင် T. Rex - ထရန်နိုဆောရပ်စ် တကောင်ရဲ့ ရုပ်ကြွင်းကို လေလံ တင် ရောင်း ချသွားမှာပါ။ လေလံပွဲကို အောက်တိုဘာလ ၆ ရက်မှာ ကျင်းပမှာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၆ သန်းကနေ ၈ သန်းအထိ ရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။  AP သတင်းဆောင်းပါးကို မခွာညို တင်ပြထားပါတယ်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly