သမ္မတဦးသိန်းစိန် နိုဝင်ဘာ ၁၅ ရက်တွင် နိုင်ငံရေးပါတီများနှင့် တွေ့မည်

သမ္မတဦးသိန်းစိန် နိုဝင်ဘာ ၁၅ ရက်တွင် နိုင်ငံရေးပါတီများနှင့် တွေ့မည်
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များတွေဆုံပွဲကို ရန်ကုန်မြို့ တိုင်းလွှတ်တော်တွင် နိုဝင်ဘာလ ၂၆ရက်နေ့က ပြုလုပ်နေစဉ်။ ( ဓာတ်ပုံ - မဇ္စျိမ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ။        ။ သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ လာမည့် နိုဝင်ဘာလ ၁၅ ရက် နံနက် ၁၀ နာရီတွင် တွေ့ဆုံကြမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၁၂ ရက်က နိုင်ငံရေးပါတီများ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲကော်မတီ Union Political Dialogue Joint Committee (UPDJC) တွင် ပါဝင်နိုင်ရန်ဆွေးနွေးပွဲ၌ ပြောကြားခဲ့ကြောင်း UPDJC အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

''လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့ မနက် ၁၀ နာရီမှာ သမ္မတနဲ့ နိုင်ငံရေးပါတီတွေ ဒီမှာပဲတွေ့မယ်လို့ ဝန်ကြီးဦးအောင်မင်း ပြောသွားတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် နောက်ဆုံး Time Line ဖြစ်သော ဇန်နဝါရီ ၁၄ ရက်မှာ နိုင်ငံရေးဆွေးနွေးပွဲ ပထမဆုံး အစီအစဉ်စတင်မယ်။ အဲ့ဒါပြီးရင်တော့ ကျွန်တော် ထင်တာ နောက် ဥပဒေနဲ့အညီ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌရွေးမယ်။ သမ္မတ၊ ဒုသမ္မတတွေရွေးမယ် ၊ရွေးပြီးရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပါဝါလွှဲ ပေးဖို့ ၁၀၀ ရာခိုင်နှုန်း ချောချောမွေ့မွေ့လုပ်နိုင်မယ် လို့ထင်တယ်။'' ဟု ၎င်းကဆိုသည်။

နိုင်ငံရေးပါတီ တစ်ခုလျှင် (၂) ဦးတက်ရောက်ရန် ဖိတ်ခေါ်ထားပြီး သမ္မတဦးသိန်းစိန်က မည်သည့် အကြောင်းအရာ ဆွေးနွေးမည်ကို မသိရသေးကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့ နိုင်ငံရေးပါတီများ  Union Political Dialogue Joint Committee (UPDJC) တွင် ပါဝင်နိုင်ရန်ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးယောသပ်က မဇ္ဈိမသို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly