ဘာစီလိုနာအသင်းတွင် ကစားသမားဘဝ အဆုံးသတ်ရန်မှာ မိမိ၏အိပ်မက်ဟု အင်နီယေစတာဆို

ဘာစီလိုနာအသင်းတွင် ကစားသမားဘဝ အဆုံးသတ်ရန်မှာ မိမိ၏အိပ်မက်ဟု အင်နီယေစတာဆို

ကက်တလန်၊ နိုဝင်ဘာ ၁၃ ။             ။ ဘာစီလိုနာအသင်း၏ အဓိက ကွင်းလယ်ကစားသမား အင်နီယေစတာက ၎င်း၏စိတ်ကူးနှင့် ၎င်း၏အိပ်မက်မှာ ကက်တလန်အခြေစိုက်အသင်းတွင် ကစားသမားဘ၀ အဆုံးသတ်ရန် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အင်နီယေစတာသည် ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီမှ ပေါ်ထွက်လာသူဖြစ်ပြီး အသင်းနှင့်အတူ အောင်မြင်မှုများစွာ ရရှိထားသူဖြစ်သည်။ 'ဘာစီလိုနာအသင်းမှာ ကျွန်တော် ပျော်ပါတယ်။ ဒီမှာပဲ ကစားသမားဘဝကို အဆုံးသတ်ဖို့က ကျွန်တော့်ရဲ့ အိပ်မက်နဲ့စိတ်ကူး ဖြစ်ပါတယ်။ အသင်းနဲ့အတူ အောင်မြင်မှုတွေ ဆက်လက်ဆွတ်ခူးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်' ဟု အင်နီယေစတာက ပြောသည်။

ထို့နောက် မက်ဆီ၏အကြောင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အင်နီယေစတာက အရေးအကြီးဆုံးမှာ ဒဏ်ရာက အမြန်ဆုံးသက်သာလာရန်ဖြစ်ကြောင်း ပြောသည်။

'ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ မက်ဆီရဲ့ဒဏ်ရာ သက်သာလာဖို့ ကျွန်တော်တို့ အလိုရှိပါတယ်။ ဒါက အမှန်ကန်ဆုံး လက်ရှိအခြေအနေပါ။ ရီးယဲလ်နဲ့ပွဲမှာ ဖြစ်ဖြစ် နောက်တစ်ပွဲမှာ ဖြစ်ဖြစ် ပြန်ပါနိုင်ဖို့ ရှိနေပါတယ်။ ရီးယဲလ်နဲ့ပွဲမှာ ပါနိုင်မယ်ဆိုရင်တော့ ပြီးပြည့်စုံသွားမှာပါ။ ဒါပေမဲ့ အရေးကြီးတာက သူ့ရဲ့ဒူးဆိုတာ မက်ဆီသိပါတယ်' ဟု အင်နီယေစတာက ပြောသည်။

ထို့အပြင် ၎င်းက ရီးယဲလ်နှင့်ကစားရမည့် အယ်လ်ကလက်ဆီကို ဒါဘီသည် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လိမ့်မည်မဟုတ်ကြောင်း ပြောသည်။

ရည်ညွှန်း လီဂါဘီဘီဗွီအေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly