ဂျူဗင်တပ်စ်ရဲ့ လွှမ်းမိုးမှုကို အဆုံးသတ်ပေးဖို့ မစ်ရှင်နဲ့အတူ ကွန်တီရဲ့ အင်တာ

ဂျူဗင်တပ်စ်ရဲ့ လွှမ်းမိုးမှုကို အဆုံးသတ်ပေးဖို့ မစ်ရှင်နဲ့အတူ ကွန်တီရဲ့ အင်တာ
Photos: EPA

အန်တိုနီယို ကွန်တီဟာ စီးရီးအေချန်ပီယံ (၁၀)ကြိမ်ဆက်တိုက် ဆွတ်ခူးဖို့ ကြိုးပမ်းလာမယ့် သူ့ရဲ့ ကလပ်အသင်းဟောင်း ဂျူဗင်တပ်စ်ကို ရပ်တန့်ဖို့ မစ်ရှင်တစ်ရပ်နဲ့အတူ အင်တာမီလန်နည်းပြအဖြစ် ဒုတိယမြောက်ရာသီကို စတင်နေပါတယ်။ 

ကွန်တီဟာ အီတလီလက်ရွေးစင်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဆီ နည်းပြအဖြစ် မပြောင်းရွှေ့ခင် ၂၀၁၂ ခုနှစ်ကစပြီး ဂျူဗင်တပ်စ်ရဲ့ လက်ရှိ လိဂ်အမှတ်ပေးဖလား ၉ ကြိမ်ဆက်ရဲ့ ပထမဆုံး ၃ ကြိမ်ရယူရာမှာ အသင်းကို ဦးဆောင်ခဲ့ပါတယ်။

အင်တာနဲ့အတူ အသက် ၅၁ နှစ်အရွယ် ကွန်တီရဲ့ ပထမဆုံးရာသီဟာ ဥရောပတစ်လွှား ကိုရိုနာဗိုင်းရပ်စ်မပျံနှံ့ခင် အီတလီမြောက်ပိုင်းမှာ ဆိုးရွားတဲ့ ဗိုင်းရပ်စ်ကူးစက်မှုရဲ့ နောက်ကွယ်ကနေ ရင်ဆိုင်ကစားခဲ့ရပါတယ်။ 

လိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ်စ်ရဲ့နောက် တစ်မှတ်အကွာမှာ ရပ်တည်ခဲ့ပေမယ့်လည်း ဆီဗီလားကို အရေးနိမ့်ခဲ့တဲ့ အင်တာရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး ကွန်တီဟာ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်ခဲ့ပါသေးတယ်။

"ကျနော်ဟာ နောက်ပြန်မလှည့်ချင်ပါဘူး။ ဒီလိုမျိုး နောက်တစ်နှစ် ထပ်မလိုချင်ပါဘူး။"လို့ အသင်းရဲ့စီမံခန့်ခွဲမှုကနေ ထောက်ပံမှုကင်းမဲ့တာကို ပေါက်ကွဲနေတဲ့ ကွန်တီက ပြောပါတယ်။ 

ဟိုဆေး မော်ရင်ဟိုလက်ထက်မှာ အင်တာရဲ့ သမိုင်းဝင် ဖလား သုံးလုံး သိမ်းပိုက်ခဲ့တဲ့ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စီးရီးအေချန်ပီယံဆု ကိုင်မြှောက်ဖို့ စိတ်အားထက်သန်နေတဲ့ ကွန်တီရဲ့ ရည်မှန်းချက်တွေကို ကလပ်ရဲ့ တရုတ်ပိုင်ရှင်တွေက အခုလို မျှဝေခဲ့ပါတယ်။ 

"ဒီလိုမျိုး ပြင်းထန်ပြီး ဒီလောက် ကြိုးစားအားထုတ်တဲ့ ကွန်တီလို တစ်ဦးတစ်ယောက်ကို ကျနော် ဘယ်တုန်းကမှ မတွေ့ဖူးဘူး။ ဒီဝိသေသတွေက ကျနော်တို့ကို စည်းလုံးစေတယ်။"လို့ အင်တာဥက္ကဋ္ဌ စတီဗင်ကျန်းက ပြောပါတယ်။

"ရောင်ပြန်ဟပ်မှု လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ နည်းပြဟာ အေးဆေးတည်ငြိမ်ပြီး အပြုသဘောဆောင်တယ်ဆိုတာကို မီဒီယာတွေက ပြောတဲ့ စိတ်နေသဘောထားတွေနဲ့ ဝေးကွာနေတယ်ဆိုတာ ကျနော် တွေ့ခဲ့တယ်။ 

"အင်တာမှာ အောင်မြင်မှုဆီကို ဦးတည်တဲ့ သဘာဝကျကျ ရည်မှန်းချက်ပန်းတိုင် တစ်ခု၊ အစီအစဉ်တစ်ခု၊ နည်းဗျူဟာတွေ ရှိတယ် ....  ယူထားတဲ့ လမ်းကြောင်းဟာ မှန်ကန်တဲ့တစ်ခုဆိုတာ ကျနော် တကယ်ပဲ ယုံကြည်ပါတယ်။" 

ယခုတစ်ပတ်မှာ စီးရီးအေပြိုင်ပွဲဟာ ကွင်းပိတ်ယှဉ်ပြိုင်မှုနဲ့အတူ ပြန်လည်စတင်တဲ့အခါ အင်တာနဲ့ အတ္တလန်တာတို့ နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့လက သူတို့ရဲ့ ဥရောပပွဲစဉ်တွေကြောင့် တစ်ပတ်အနားပေးခဲ့ပါတယ်။ 

အင်တာရဲ့ ပထမဆုံးပွဲစဉ်ဟာ စတင်ဘာ ၂၆ ရက်မှာ ဖီအိုရင်တီးနဲ့ဖြစ်ပြီး သူတို့ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ရေးဆွဲထားတဲ့ တန်းတက် ဘင်နီဗင်တိုအသင်းနဲ့ပွဲကို ဖီအိုရင်တီးနားနဲ့ပွဲအပြီး ၄ အကြာမှာ ကစားရမှာဖြစ်ပါတယ်။ 

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly