အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသောကြောင့် ရောဂါစမ်းသပ်မှု နှစ်ဆတိုးမြှင့်လုပ်ဆောင်ရန်စီစဉ်

အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသောကြောင့် ရောဂါစမ်းသပ်မှု နှစ်ဆတိုးမြှင့်လုပ်ဆောင်ရန်စီစဉ်

စက်တင်ဘာ ၁၈ 

အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများပြားလာသောကြောင့် ရောဂါပျံ့နှံ့မှု နှေးကွေးစေရန်နှင့် ဆေးရုံများ ကုသမှုနိုင်နင်းစေရန် ကန့်သတ်မှုများပြန်လည်ချမှတ်ထားပြီး ကိုဗစ်-၁၉ ရောဂါစမ်းသပ်မှုကို နှစ်ဆတိုးမြှင့်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း မြို့တော်အုပ်ချုပ်ရေးမှူး အန်နီးစ်ဘာစ်ဝယ်ဒန်က စက်တင်ဘာ ၁၇ ရက်တွင် ရိုက်တာသတင်းဌာနကို ပြောသည်။ 

ဂျကာတာတွင် ယခုလအတွင်း၌ နေ့စဉ် ပျမ်းမျှကူးစက်မှု ၁ ၀၀၀ ထက်မနည်းရှိနေပြီး ဩဂုတ်လ အစောပိုင်း လဝက်ထက် ကူးစက်မှု နှစ်ဆမက ဖြစ်နေကာ အရင်းအမြစ်မပြည့်ဝသည့်ကျန်းမာရေကဏ္ဍအပေါ် ဖိအားတိုးစေခဲ့သည်။  

လူဦးရေး ၁၀ သန်းခန့်ရှိသည့် မြို့တော်ဂျကာတာတွင် နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်မှု ၅၀ ၀၀၀ ခန့်လုပ်ဆောင်နေပြီး စက်တင်ဘာ ၁၇ မှစ၍ ရောဂါစမ်းသပ်မှု နှစ်ဆတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘာစ်ဝယ်ဒန်ကပြောသည်။  

“အခုလိုမျိုး ရောဂါကူးစက်မှုတွေ အလျင်အမြန်တိုးလာတာ တစ်ခါမှမကြုံဖူးပါဘူး။ ဒါကြောင့် စမ်းသပ်မှုနှစ်ဆတိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်ရတာပါ” ဟု ဘာစ်ဝယ်ဒန်ကဆိုသည်။  

ဂျကာတာရှိ ဆေးရုံ ၆၇ ခုအနက် ၁၃ ခုကို ကိုဗစ်ကုသရေးစင်တာအဖြစ်သတ်မှတ်ထားသည်။  

ကြာသပတေးနေ့က အင်ဒိုနီးရှားတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃ ၆၃၅ ဦးရှိပြီး ၁၂၂ ဦးသေဆုံးခဲ့သည်။ ထို့ကြောင့် တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူအတည်ပြုလူနာပေါင်း ၂၃၂ ၆၂၈ ဦးနှင့် သေဆုံးသူ ၉ ၂၂၂ ဦးရှိပြီဖြစ်ကာ အရှေ့တောင်အာရှတွင် သေဆုံးမှုအများဆုံးဖြစ်သည်။ 

ဂျကာတာတွင် တခြားအာရှမြို့ကြီးများကဲ့သို့ လော့ဒေါင်းချမှတ်ထားခြင်းမရှိဘဲ ချိန်ညှိသည့်နည်းလမ်းကိုသာ ရွေးချယ်ခဲ့သောကြောင့် စည်းကမ်းလျော့ရဲလွန်းသည်ဟု ဝေဖန်သူများက အပြစ်တင်ခဲ့ကြသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required