ဗိုလ်တထောင် မြို့နယ်ရှိ အထက်တန်းကျောင်း၂ ကျောင်းတွင် လူဦးရေ ၁၀၀ ကျော်ထားရှိနိုင် မည့် ကွာရန်တင်း စင်တာ ဖွင့်လှစ်ရန် စီစဉ်

ဗိုလ်တထောင် မြို့နယ်ရှိ အထက်တန်းကျောင်း၂ ကျောင်းတွင် လူဦးရေ ၁၀၀ ကျော်ထားရှိနိုင် မည့် ကွာရန်တင်း စင်တာ ဖွင့်လှစ်ရန် စီစဉ်
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

စက်တင်ဘာလ ၁၇

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ အ.ထ.က (၆) နှင့် အ.ထ.က (၃) ကျောင်း ၂ ကျောင်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခဲ့သူများကို ထားရှိမည့် ကွာရန်တင်းစင်တာ တစ်ခု ဖွင့်လှစ်ရန် စီစဉ်နေပြီး လူဦးရေ ၁၀၀ ကျော် ထားရှိနိုင်မည်ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း က ပြောသည်။

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

“ အဓိက ကျောင်းစာသင်ခန်းတွေဖြစ်တဲ့အတွက် ဝန်ဆောင်မှုကအပြည့်မဖြစ်ပါဘူး။ သူ့သတ်မှတ်ချက်တွေက အများကြီးပါပဲ။ အတတ်နိုင်ဆုံးတော့ လမ်းညွှန်ချက်နဲ့အညီ ကိုက်ညီအောင် ဆောင်ရွက်ပါတယ်။ စာသင်ခန်းဖြစ်တဲ့အတွက် စာသင်ခန်းကို အခင်း နဲ့စာသင်ခန်း က ကွန်ကရစ်အခင်းမဟုတ်တဲ့အတွက် သစ်သားအခင်းတွေရှိတဲ့အထပ်ကိုရွေးချယ်ပြီး စာသင်ခန်းကို ခုံတွေဖယ်၊ သန့်ရှင်းရေးလုပ်ပြီး ဖျာ ၊  ခေါင်းအုံး တွေရှိမယ် ဒါမျိုးလေးတွေပါ “ ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း က ဆိုသည်။  

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ဗိုလ်တထောင် အ.ထ.က (၆)တွင် လူဦးရေ ၈၀ အ.ထ.က (၃) ရှိ စာသင်ခန်းလေးခန်း တွင် ၂၄ ဦး ထားရှိ နိုင်ရန် စီစဉ်နေပြီး ရေချိုးခန်း ၊ အိမ်သာ နှင့် လျှပ်စစ်မီး ရရှိနိုင်ရေးအတွက်လည်း လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။  

ရန်ကုန်မြို့ တွင် COVID-19 ရောဂါ ဖြစ်ပွားသူ လူနာများ များပြားလာခြင်းကြောင့် ကွာရန်တင်းစင်တာများ တိုးချဲ့လာကြသည့်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သုဝဏ္ဏမြက်ခင်းတုအားကစားကွင်း တွင် လူဦးရေ အယောက် ၄၀၀ ကျော်အတွက် ယာယီဆေးရုံကို ဆောက်လုပ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly