COVID-19 ကူးစက်မှုမရှိသေးသည့် လွိုင်ကော်မြို့တွင် နေအိမ်တစ်အိမ်ကို စတင် အသွားအလာ ကန့်သတ်

COVID-19 ကူးစက်မှုမရှိသေးသည့် လွိုင်ကော်မြို့တွင် နေအိမ်တစ်အိမ်ကို စတင် အသွားအလာ ကန့်သတ်
ဓာတ်ပုံ - စောသန်းထိုက်ဦး

စက်တင်ဘာ ၁၇

ပြင်ဦးလွင်မြို့မှ COVID-19 တွေ့ရှိသည့် ဆေးခန်းတွင် သွားရောက်ပြသမိသဖြင့် Hospital Quarantine ဝင်နေရသူနှစ်ဦး နေထိုင်သည့် နေအိမ်အား စက်တင်ဘာ ၁၆ ရက်မှစတင်၍  ၂၁ ရက်ကြာ အသွားအလာ ကန့်သတ် ထား ကြောင်း ပြည်နယ် ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

အဆိုပါ ဆေးခန်းသို့ သွားရောက်ပြသခဲ့သည့် ကယားပြည်နယ် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှ အမျိုးသမီးတစ်ဦး နှင့် သူမ၏ သမီးဖြစ်သူ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းအား လွိုင်ကော်ဆေးရုံကြီး တွင် Hospital Quarantine ထားရှိပြီး ၎င်းနေအိမ်တွင် မိသားစုဝင် ၁၁ ဦးရှိကြောင်းသိရသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာဌေးလွင်က “လောလောဆယ် လွိုင်ကော်မှာ စစ်တဲ့ဟာက ပိုးမတွေ့ဘူးပေါ့။ နောက်ထပ် တောင်ကြီးကို ပေးပို့ပြီး စစ်ဆေးထားတာရှိတယ်”ဟု မဇ္ဈိမ ကိုပြောသည်။

ထို့ပြင် ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ သွားရောက်သည့် လွိုင်ကော်မြို့နယ် နမ့်ဘော်ဝမ်(ခ) ရပ်ကွက်ရှိ

လွိုင်ကော်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ရုံး နှင့် ဝန်ထမ်းအိမ်ရာ၊ လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှုးရုံး တို့ကိုလည်း အသွားအလာ ကန့်သတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required