ကိုရီးယားကြယ်ပွင့် Yoo Seung Ho စစ်မှှုထမ်းကာလအပြီး သရုပ်ဆောင်လောကသို့ ပြန်ဝင်ရောက်ရာတွင် အသားမကျမည်ကို စိုးရိမ်

ကိုရီးယားကြယ်ပွင့် Yoo Seung Ho စစ်မှှုထမ်းကာလအပြီး သရုပ်ဆောင်လောကသို့ ပြန်ဝင်ရောက်ရာတွင် အသားမကျမည်ကို စိုးရိမ်

ကိုရီးယားမင်းသား Yoo Seung Ho သည် သူ၏ စစ်မှှုထမ်းကာလ ပြီးဆုံးကာ သရုပ်ဆောင် လောကသို့ ပြန်လည် ဝင်ရောက်လျက်ရှိပြီး၊ သရုပ်ဆောင်လောကတွင် ပြန်လည် အသားမကျမည်ကို စိုးရိမ်လျက် ရှိသည်။

စစ်မှှုထမ်းကာလအပြီး သူပြန်လည် သရုပ်ဆောင်မည့် ပထမဆုံး ရုပ်ရှင် “The Joseon Magician” အတွက် သတင်းစာ ရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ရာ၊ သူ၏ စိုးရိမ်သောကကို ထိုသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကွဲပြားခြားနားတဲ့ ပုံရိပ်တစ်ခုနဲ့ ၂ နှစ်လောက် နေပြီးတဲ့အခါမှာ၊ အနုပညာလောကမှာ ကျွန်တော် နေရာပြန်မရမှာ ကြောက်မိပါတယ်” ဟု သူက ဆိုခဲ့သည်။

အနုပညာလောကတွင် သူ ပြန်လည် အသားကျရေးအတွက် “The Joseon Magician” ဇာတ်ကား ဒါရိုက်တာ Kim Dae Seung က သူ့အား ကူညီလျက်ရှိကြောင်းလည်း သူက ပြောခဲ့သည်။
“ဒါရိုက်တာရဲ့ စကားကို ကျွန်တော် နားထောင်ပါတယ်” ဟု သူက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required