မီလစ်ဆာဂျော့နှင့် ဂျိမ်းဒေးဗစ်ဘလက်စ်တို့ ဒုတိယမြောက် သာလေးကို ကြိုဆို

မီလစ်ဆာဂျော့နှင့် ဂျိမ်းဒေးဗစ်ဘလက်စ်တို့ ဒုတိယမြောက် သာလေးကို ကြိုဆို

သြစတြေးလျ သရုပ်ဆောင်မင်းသမီး မီလစ်ဆာဂျော့နှင့် ပြင်သစ်စီးပွားရေး လုပ်ငန်းရှင် ဂျိမ်းဒေးဗစ်ဘလက်စ်တို့ ဇနီးမောင်နှံသည် ဒုတိယမြောက် သားလေးကို ကြိုဆိုခဲ့ကြကြောင်းနှင့် မီလစ်ဆာဂျော့ ကအဆိုပါသတင်းကို တွစ်တာမှတစ်ဆင့် ကြေညာခဲ့သည်။

“ကျွန်မတို့ရဲ့ ချစ်စဖွယ်ကောင်းသော သားလေး မွေးဖွားခဲ့ပါပြီ။ နိုဝင်ဘာ ၃ ရက်က ပြင်သစ် နိုင်ငံ အမေရိကန်ဆေးရုံတွင် သားလေးကို မွေးဖွားခဲ့ပါတယ်။ သားလေးရဲ့ ကိုယ်အလေးချိန်ဟာ ၄ ဒသမ ၂ ကီလို ရှိပါတယ်။ ကျွန်မရဲ့သားလေးကို အရမ်းချစ်ပါတယ်” ဟု ဂျော့က နိုဝင်ဘာ ၃ ရက် တွင် ၎င်း၏ တွစ်တာအကောင့်၌ ရေးသားထားသည်။

“ကျွန်မဟာ သားနှစ်ယောက်မိခင် ဖြစ်လာပါပြီ။ ကျွန်မ မိခင်ဖြစ်ရတာ ကိုယ့်ကိုကိုယ် ဂုဏ်ယူ မိပါတယ်။ ကျွန်မဟာ ချစ်စဖွယ်ကောင်းတဲ့ ရာဖဲလ်နဲ့ ဆိုလာဘလက်စ် သားနှစ်ဦးရဲ့ မိခင်ဖြစ်ပါ တယ်။ ကျွန်မဘဝအတွက် အကောင်းဆုံး လက်ဆောင်ကို ပေးခဲ့တဲ့ ခင်ပွန်းသည် ဂျိမ်းဒေးဗစ်ကို လည်း ကျေးဇူးတင်ပါတယ်” ဟု မီလစ်ဆာဂျော့က ၎င်း၏ တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။

မီလစ်ဆာဂျော့နှင့် ဂျိမ်းဒေးဗစ်ဘလက်စ်တို့သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ၎င်းတို့၏ သားဦးလေး ရာဖဲလ်ကို  အဆိုပါ ဆေးရုံတွင် မွေးဖွားခဲ့သည်။ “မီလစ်ဆာရဲ့ ကိုယ်ဝန်ကြောင့် NBC ရုပ်သံ ရဲ့ဆေးဘက်ဆိုင်ရာ ဒရမ်မာဇာတ်ကား  Heartbreaker ဇာတ်ကား ပွဲဦးထွက် ပြသမှုကို ရွှေ့ဆိုင်းခဲ့ရပါတယ်” ဟု Us Weeklyက ဇွန်လတွင် ဖော်ပြထားသည်။

မီလစ်ဆာသည် မကြာမီ ထုတ်လွှင့်ပြသမည့် Heartbreaker ဇာတ်ကားတွင် အစားထိုးကုသမှု ခွဲစိတ်ဆရာဝန် အဲလက်ဇ်ပန်တီအဖြစ် သရုပ်ဆောင်ထားပြီး ဂျာမီကန်နီဒီနှင့် ဒေ့ဗ်အန်အေဘဲလ် တို့လည်း ပါဝင် သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly