ကိုဗစ်-၁၉ ကန့်သတ်မှုတွေ ဖြေလျော့သွားတာကြောင့် ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်အတွက် ပရိသတ်တွေ ကြည့်ရှုခွင့်ပေးမယ့် ဒေါ့မွန် 

ကိုဗစ်-၁၉ ကန့်သတ်မှုတွေ ဖြေလျော့သွားတာကြောင့် ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်အတွက် ပရိသတ်တွေ ကြည့်ရှုခွင့်ပေးမယ့် ဒေါ့မွန် 
Photos: EPA

ဘော်ရုရှာ ဒေါ့မွန်ရဲ့ မိုချန်ဂလာဘတ်နဲ့ အိမ်ကွင်း ဘွန်ဒစ်လီဂါရာသီအဖွင့်ပွဲစဉ်ကို ပရိသတ် ၁၀,၀၀၀ ဝန်းကျင် ရှေ့မှောက်မှာ ယှဉ်ပြိုင်ကစားသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဂျာမနီမှာ ကိုရိုနာဗိုင်ရပ်စ်ကူးစက်ပျံ့နှံ့မှုကြားမှာ ဘွန်ဒစ်လီဂါအသင်းတွေဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ စတင်ချိန်မှာ အားကစားကွင်းဆီ ပြန်လည်ဝင်ရောက်ဖို့ ပရိသတ်တွေကို မီးစိမ်းပြလိုက်ပြီဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

၂၁၀၉-၂၀ ရာသီဟာ ကိုဗစ်-၁၉ ကြောင့် မတ်လမှာ ရပ်နားခဲ့တဲ့ လိဂ်ပြိုင်ပွဲကို မေလမှာ ကွင်းပိတ်ပြီး ပြန်လည်ကျင်းပခဲ့ပါတယ်။

ဒါပေမယ့် သောကြာနေ့မှာ စတင်ဖို့ စီစဉ်ထားတဲ့ ဘွန်ဒစ်လီဂါရာသီသစ်ကို ကွင်းဝင်ဆံ့မှုရဲ့ ၂၀ ရာခိုင်နှုန်းအထိ ပရိသတ်တွေကို ဝင်ရောက်စေမှာဖြစ်ပြီး တင်းကြပ်ထားတဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု လိုအပ်ချက်တွေကိုလည်း ချမှတ်ထားမှာဖြစ်သလို အရက်ကိုလည်း တားမြစ်ထားမှာဖြစ်ပါတယ်။

အဝေးကွင်းပရိသတ်တွေကတော့ ကြည့်ရှုခွင့်ရမှာ မဟုတ်ပါဘူး။ ဒါကတော့ အိမ်ကွင်းမြို့တွင်းမှာ ခုနှစ်ရက်တာကာလအတွင်း ရောဂါကူးစက်မှုနှုန်း အလွန်မြင့်မားပါက ပွဲကို ကွင်းပိတ်ပြန်လည် ကျင်းပစေနိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဒေါ့မွန်အသင်းက မိုချန်ဂလာဘတ်နဲ့ စနေနေ့ပွဲစဉ်အတွက် ပရိသတ်အနေည်းစုသာ ကြည့်ရှုခွင့်ရမှာဖြစ်ပြီး ဒေါ့မွန် ဒါမှမဟုတ် North Rhine-Westphalia က နေထိုင်သူတွေသာ ဝင်ရောက်ခွင့်ပြုမယ်လို့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

"ဘွန်ဒစ်လီဂါအသင်းတွေသာမက တခြားအားကစားကလပ်တွေရဲ့ အသင်းအဖွဲ့အစည်းတွေလည်း ဒီကနေ့မှာ အလွန် ပျော်ရွှင်ကျေနပ်ဖွယ်ရှိမှာပါ။ ဒီခံစားချက်ကို ဒေါ့မွန်အသင်းမှာ ကျိန်းသေပေါက်ရှိပါတယ်။"လို့ ဒေါ့မွန်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ဟန်းစ်ဂျိုအာချင် ဝက်ဇ်ကီက ထုတ်ပြန်ချက်တွေမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းဟာ ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး ဂလာဘတ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required