နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုဝန်ကြီး၏ PSOတွင် COVID-19 ရောဂါပိုးတွေ့

နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုဝန်ကြီး၏ PSOတွင် COVID-19 ရောဂါပိုးတွေ့
Photo Creadit - Myanmar State Counsellor Office

နေပြည်တော်၊ စက်တင်ဘာ ၁၄

နိုင်ငံတော် အတိုင်ပင်ခံရုံး ဒုတိယဝန်ကြီး၏ ကိုယ်ရေးအရာရှိတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြားသည်။

စက်တင်ဘာ ၁၄ရက်နေ့ နေ့လည်ပိုင်းက အိမ်တော်သတင်းထောက်များ ဂရုသို့ အဆိုပါသတင်းစကားကိုပါးပေးခဲ့ခြင်းဖြစ်သည်။

"PSO မှာ Positive ဖြစ်ပါတယ်။ ဒုဝန်ကြီးနှင့် PSO တစ်ရက်တည်း စစ်ဆေးခြင်း ဖြစ်ပါတယ်။အခု ဒုဝန်ကြီးမှာ Hotel Quarantine ဝင်နေပါတယ်။ ရက်ပိုင်းအတွင်း ထပ်စစ်မှာ ဖြစ်ပါတယ်။"ဟု ဦးဇော်ဌေးက စာရေးသား၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိပြည်ထောင်စုနယ်မြေနေပြည်တော်တွင် နိုင်ငံတော်သမ္မတရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးအပါအဝင်၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်ပပြန်ကွာရန်တင်းထားရှိသူများနှင့် ပြည်တွင်းကူးစက်မှုတချို့ရှိနေပြီး နေပြည်တော်တွင် ရောဂါပိုးကူးစက်ခံရသူ ၃၀ကျော်နေပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly