တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ဆေးရုံတွေမှာ ဖျားနာလူနာတွေကို COVID-19 ရှိ၊ မရှိ စစ်ဆေးစက်များ တပ်ဆင်

တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ဆေးရုံတွေမှာ ဖျားနာလူနာတွေကို COVID-19 ရှိ၊ မရှိ စစ်ဆေးစက်များ တပ်ဆင်

တနင်္သာရီတိုင်းအတွင်းရှိ ခရိုင် သုံးခုမှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးတွေမှာ COVID-19 ကူးစက် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့စက်ကို စတင် တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ အဲဒီစက်တွေနဲ့ ကနဦး ပြည်သူ့ဆေးရုံရှိ ဝန်ထမ်း ၁၀ ဦးကို စတင် စမ်းသပ် စစ်ဆေးခဲ့ကာ ပြည်သူ့ဆေးရုံသို့ ဖျားနာလူနာများ ရောက်ရှိလာပါက COVID-19 ကူးစက်ရောဂါ ပိုး ရှိ၊ မရှိကို စစ်ဆေး ဆောင်ရွက်နိုင်တော့မှာ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တည်းဖြတ်/ တင်ဆက် - ဒီမိုးသွေး (မြိတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required