တာလီဘန်နှင့်အာဖဂန်အစိုးရတို့အကြားသမိုင်းဝင်ဆွေးနွေးပွဲစတင်

By AFP
12 September 2020
တာလီဘန်နှင့်အာဖဂန်အစိုးရတို့အကြားသမိုင်းဝင်ဆွေးနွေးပွဲစတင်
Photo - AFP

စက်တင်ဘာ ၁၂ 

နှစ်ပေါင်း ၂၀ နီးပါးတိုက်ပွဲများဖြစ်ပွားနေမှုကိုအဆုံးသတ်ရန်ကြိုးပမ်းအားထုတ်သည့်အနေဖြင့် အာဖဂန် နစ္စတန်အစိုးရနှင့်တာလီဘန်တို့သည်စနေနေ့က ကာတာနိုင်ငံမြို့တော်ဒိုဟာ တွင်ငြိမ်းချမ်းရေးဆွေးနွေး ပွဲတစ်ရပ်ပြုလုပ်ရန်ရှိသော်လည်းပြဿနာများကိုလျင်မြန်စွာဖြေရှင်းနိုင်ဖွယ်မရှိပေ။ 

အမေရိကန်မှကျောထောက်နောက်ခံပြုထားသည့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှ လွန်ခဲ့သည့်ခြောက်လက စီစဉ်ခဲ့သည့်အငြင်းပွားဖွယ်နှစ်နိုင်ငံအကျဉ်းသားများ လဲလှယ်မည့်အရေးနှင့်ပတ်သက်၍သဘောထား ကွဲလွဲနေမှုသည်ဖေဖော်ဝါရီလကသဘောတူညီချက်ရရှိခဲ့သည်။ 

အမေရိကန်ကိုအာဖဂန်နစ္စတန်တို့ကျုးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ၉/၁၁ ဖြစ်စဉ်၏ ၁၉ နှစ် မြောက်နှစ်ပတ်လည်နေ့ ပြီးနောက်တစ်ရက်တွင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုစတင်မည်ဖြစ်သည်။ 

အာဖဂန်အစိုးရနှင့်တာလီဘန်နှစ်ဘက်လုံးသည် ”အကြမ်းဖက်မှုများကိုလျှော့ချပြီးအာဖဂန်ပြည်သူများ ၏လိုလားမှုများကိုယူဆောင်လာပေးရန်နှင့်၎င်းတို့နိုင်ငံကိုတိုးတက်အောင်မည်သို့ဆောင်ရွက်သွားမည်၊ အာဖဂန်အစိုးရနှင့်စေ့စပ်ညှိနှိုင်း၍စစ်ပွဲများမဖြစ်ပွားစေရန်မည်သို့ပြုလုပ်မည်စသည်တို့ကိုဖြည့်သွင်း ဆွေးနွေးသင့်သည်” ဟုအမေရိကန်ကာကွယ်ရေးဝန်ကြီး မိုက်ပွန်ပီအို ကပြောကြားခဲ့သည်။ 

သမ္မတဒေါ်နယ်ထရန့်သည်အမေရိကန်၏ကာလရှည်ကြာစွာဖြစ်ပွားနေသော စစ်ပွဲကိုအဆုံးသတ်ရန် အပြင်းအထန်တွန်းအားပေးလျက်ရှိပြီးလာမည့်နှစ်အတွင်းပြည်ပတပ်ဖွဲ့ဝင်များအားလုံးကိုအာဖဂန်နစ္စတန်မှပြန်လည်ထွက်ခွာလာစေချင်နေသည်။ 

ပြည့်စုံသောငြိမ်းချမ်းရေးသဘောတူညီချက်ရရန်နှစ်နှင့်ချီ၍အချိန်ယူရမည်ဖြစ်သကဲ့သို့နှစ်ဘက်လုံးမှ လိုလိုလားလားဖြင့်တိုက်ခိုက်မှုကိုရှောင်ကျဉ်ကြမည့်အပေါ်လည်းမူတည်နေသည်။ 

တာလီဘန်တို့ကသမ္မတ အာဆတ်ဂနီ အစိုးရနှင့်စေ့စပ်ညှိနှိုင်းရန်ငြင်းဆိုခဲ့ပြီး အာဖဂန်နစ္စတန်ကို အစ္စလာမ်မစ် “စော်ဘွားနိုင်ငံ “အဖြစ်ပြောင်းလဲရန်တွန်းအားပေးသွားမည်ဖြစ်သည်။ 

ဂနီ ၏အစိုးရအဖွဲ့ကမူအမျိုးသမီးများကိုလွတ်လပ်ခွင့်ပိုမိုပေးရေးအပါအဝင်အခွင့်အရေးအများအပြား ပေးအပ်ကာအနောက်နိုင်ငံများကကျောထောက်နောက်ခံပြုမည့်ဖွဲ့စည်းပုံအခြေခံဥပဒေအရအုပ်ချုပ် သည့်သမ္မတနိုင်ငံအဖြစ်တည်ရှိစေရန်ကြိုးပမ်းလျက်ရှိသည်။ 

“မိမိမုတ်ဆိတ်မွေးများမဲနက်နေစဉ်အချိန်ကပင် စစ်ပွဲစတင်ခဲ့ကာယခုဆိုလျှင်မုတ်ဆိတ်ဖြူချိန်သို့ရောက် လာပြီဖြစ်ကြောင်း၊ စစ်ပွဲကမူဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်ကြောင်း၊ မကြာခင်အချိန်အတွင်းစစ်ပွဲ ပြီးဆုံးသွားလိမ့်မည်ဟုမယုံကြည်ကြောင်း၊ နှစ်ဘက်စလုံးမှာ၎င်းတို့၏လုပ်ငန်းစဉ်နှင့်အမိန့်ကိုသာ အပြည့်အဝနာခံကြစေလိုနေသဖြင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမိမိအယုံအကြည်မရှိကြောင်း “ဖြင့် ကဘူး မြို့နေ  အဗ္ဗဒူလာ (၅၀နှစ်) ကပြောကြားခဲ့သည်။ 

အာဖဂန်အများစုမှာတာလီဘန်တို့အာဏာအနည်းငယ်ဖြစ်စေအပြည့်အဝဖြစ်စေပြန်ရသွားပြီးအစ္စလာမ်မစ်ရှာရီးယားဥပဒေဖြင့်ပြန်လည်အုပ်ချုပ်မည်ကို ကြောက်ရွံ့လျက်ရှိကြသည်။ 

အမေရိကန်အစိုးရ၏ငြိမ်းချမ်းရေးဆွေးနွေးရန်စီစဉ်ချက်အရကာတာနိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် သဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက်တာလီဘန်တို့က၎င်းတို့အောင်ပွဲရရှိခဲ့သည်ဟုဖေဖော်ဝါရီလကကြေညာခဲ့သည်။ 

အာဖဂန်နစ္စတန်တွင်အကြမ်းဖက်မှုများနှင့်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားနေခြင်းတို့ကြောင့် ကာတာနိုင်ငံ ဒိုဟာ မှညှိနှိုင်းရေးခေါင်းဆောင် မူလတ် အယ်လ်-ကာတနီ သည် “သံတမန်ရေးရာအာ ဏာ “  ကိုအသုံးပြုကာညှိနှိုင်းဆွေးနွေးမှုများကိုတိတ်တဆိတ်လုပ်ဆောင်ခဲ့ သည်။ 

ကာတာ အစိုးရသည် ၂၀၁၃ ခုနှစ်အတွင်း တာလီဘန်တို့အား နိုင်ငံရေးဆိုင်ရာရုံးတစ်ရုံးလာရောက် ဖွင့်လှစ်ရန်ဖိတ်ခေါ်ခဲ့သည်။ ထို့နောက်ဖေဖော်ဝါရီလတွင် အမေရိကန်အစိုးရနှင့်တာလီဘန်တို့အကြား တပ်ဖွဲ့များရုတ်သိမ်းရန်သဘော တူညီရရှိအောင်ကြားဝင်ကူညီပေးခဲ့သည်။ 

တာလီဘန်တို့က၎င်းတို့၏နိုင်ငံရေးဆိုင်ရာရုံးတွင်အလံလွှင့်ထူခဲ့ခြင်းကြောင့် ကဘူးမြို့သားများဒေါသ ထွက်ပြီးအခြေအနေတင်းမာလာခဲ့သည်။ 

သောကြာနေ့က ဒိုဟာ ရှိဇိမ်ခံဟိုတယ်တွင်အာဖဂန်နိုင်ငံအလံနှစ်မျိုးလွှင့်ထူထားခဲ့သည်။ ဆွေးနွေးပွဲမစ တင်မီတာလီဘန်တို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိမရှိစစ်ဆေးရန် သတင်းသမားများ ၊စားသောက် ဖွယ်ရာတည်ခင်းသူများနှင့်အတူတန်းစီလျက်ရှိကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required