အမေရိကန် အစိုးရသည် တရုတ် နိုင်ငံသား၁၀၀၀ကျော်တို့ကိုလုံခြုံရေးဆိုင်ရာအကြောင်း ပြချက်ဖြင့်ပြည်ဝင်ခွင့်ပေးရန်ငြင်းပယ် 

အမေရိကန် အစိုးရသည် တရုတ် နိုင်ငံသား၁၀၀၀ကျော်တို့ကိုလုံခြုံရေးဆိုင်ရာအကြောင်း ပြချက်ဖြင့်ပြည်ဝင်ခွင့်ပေးရန်ငြင်းပယ် 

စက်တင်ဘာ ၁၀ 

အမေရိကန်အစိုးရသည် မေလ ၂၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သောသမ္မတ၏အမိန့်ကြေညာ ချက်အရ တရုတ်နိုင်ငံသား ကျောင်းသားနှင့်သုတေသနပညာရှင် ၁၀၀၀ ကျော်တို့အား  လုံခြုံရေးဆိုင်ရာ  အကြောင်းပြချက်ဖြင့်ပြည်ဝင်ခွင့်ပေးရန်ငြင်းပယ်လိုက်သည် ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက စက်တင်ဘာလ ၉ ရက်(ဗုဒ္ဓဟူးနေ့)တွင်ပြောကြားခဲ့သည်။ 

အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနယာယီအကြီးအကဲ ချတ်ဒ်ဝုဖ်က အမေရိကန်နိုင်ငံ ၏အရေးပါသောသုတေသနတွေ့ရှိချက်များကိုမခိုးယူနိုင်စေရန်ကာကွယ် သည့်အနေဖြင့် တရုတ် တပ်မတော်နှင့်ဆက်စပ်နေသည့်ကျောင်းသားများနှင့် သုတေသန ပညာရှင်များ၏ပြည်ဝင်ခွင့် ကိုငြင်းပယ်ရခြင်းဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုမှပြု လုပ်လျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့်သုတေသနများကိုခိုးယူရန်ကြိုးပမ်း နေခြင်းအပါအဝင် မတရားသောစီးပွားရေး အလေ့ အထများနှင့်စက်မှုလုပ်ငန်းဆိုင်ရာ သူလျှိုလုပ်မှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံကို တရား စွဲဆို သွားမည် ဟုပြောကြားခဲ့သည်။ ထို့ပြင်တရုတ်နိုင်ငံသည် ကျောင်းသားများပြည်ဝင်ခွင့်ကို အလွဲ သုံးစားပြုကာ အမေရိကန် ပညာရေးစနစ်အပေါ်အမြတ်ထုတ်နေသည်ဟုစွပ်စွဲပြောကြားခဲ့သည်။ 

အမေရိကန်ပြည်ထောင်စုသည်မိမိတို့ဈေးကွက်အတွင်းသို့အဓ္ဓမအခိုင်းခံရသူအလုပ်သမား များမှထုတ်လုပ်သောကုန်စည်များဝင်ရောက်လာခြင်းကိုတားမြစ်ထားကြောင်း။ တရုတ် နိုင်ငံအနေဖြင့်လူတို့၏ဂုဏ်သိက္ခာကိုလေးစားရန်တောင်းဆိုလိုက်ကြောင်းဖြင့် ဝုဖ် ကပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ရှင်ကျန်း ဒေသရှိမူဆလင်များအပေါ်နှိပ်စက်ညှင်းပန်းသည်ဟူသောစွပ်စွဲချက်များကို ရည်ရွယ် ၍ ဝုဖ် ကပြောကြားခဲ့ခြင်းဖြစ်သည်။  

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက မေလ ၂၉ ရက်နေ့ တွင်သမ္မတ ဒေါ်နယ်ထရန့် ထုတ်ပြန်ခဲ့သည့်ကြေညာချက်အရ ပြည်ဝင်ခွင့်များကိုဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရ၏ ဟောင်ကောင်ဒီမိုကရေစီအရေးကိုထိန်းချုပ်မှုများကြောင့် အမေရိကန်ကထိုသို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသား ၁၀၀၀ ကျော်တို့၏ပြည်ဝင်ခွင့်များသည် သမ္မတ၏အမိန့်ကြေညာချက် ၁၀၀၄၃ နှင့်မကိုက်ညီသောကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၎င်းတို့၏ပြည်ဝင်ခွင့်များကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၈ ရက်နေ့တွင်ငြင်းပယ်ခဲ့ရခြင်းဖြစ်ကြောင်း၊ လုံခြုံရေးအရအလွန် အန္တရာယ်ရှိသည့် စာသင်သားများနှင့်သုတေသနပညာရှင်တို့သည် အမေရိကန်တွင်ပညာသင်ကြားရန် အရည်အချင်းမမီသူများဖြစ်ကြောင်း၊ အခြားသောတရားဝင်ကျောင်းသားများ ကိုမူဆက်လက်ကြိုဆို လျက်ရှိ ကြောင်းဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက ပြောကြားခဲ့သည်။ 

ရှင်ကျန်းပြည်နယ်မှအဓ္ဓမစေခိုင်းခံရသောလုပ်သားများမှထုတ်လုပ်သည့် ဝါဂွမ်းနှင့်ခရမ်းချဉ်သီး ပို့ကုန်များကိုတားဆီးမိန့်ထုတ်ပြန်ရန် အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး တာဝန်ရှိသူတို့ကပြင်ဆင်လျက်ရှိသည်။ 

တရုတ်ကျောင်းသားများအမေရိကန်တွင်ပညာသင်ကြားမှုကိုကန့်သတ်သည့်မည်သည့်အပြုအမူကိုမဆိုြတ်ပြတ်သားသားဆန့်ကျင်ကြောင်းနှင့်အမေရိကန်အစိုးရအနေဖြင့်နှစ်နိုင်ငံ ကုန်စည်ဖလှယ်ရေးနှင့် နားလည်မှုပိုမိုမြှင့်တင်နိုင်ရေးဆောင်ရွက်ရန်တရုတ်အစိုးရက ဇွန်လအတွင်းကတောင်းဆိုခဲ့သည်။ 

ယခုဆောင်းဦးရာသီကျောင်းများပြန်ဖွင့်ချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပြင်းထန်နေသော်လည်း အမေရိကန်တွင်ကျောင်းတက်နေသည့်တရုတ်ကျောင်းသား ၃၆၀ ၀၀၀ ခန့်ကြောင့်အမေရိကန် ကောလိပ်များသည်ဝင်ငွေအများအပြားရရှိခဲ့သည်။ 

စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးမှာကုန်သွယ်မှုအရေး၊ ဟောင်ကောင်လူ့အခွင့်အရေးကိစ္စများနှင့်ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုများကြောင့်ဆက်ဆံရေးတင်းမာ လျက်ရှိသည်။ 

ထရန့်သည်တရုတ်သမ္မတရှီကျင့်ပင်နှင့်ဆက်ဆံရေးကောင်းမွန်အောင် ပြုလုပ်ကာ ကုန်သွယ်ခွန် လျှော့ပေါ့မှုရရှိရန်ကြိုးပမ်းခဲ့ဖူးသော်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင်ပြူလုပ်မည့်ရွေးကောက်ပွဲ တွင်၎င်းပြန်လည်အရွေးခံရရန်အတွက် တရုတ်အပေါ်ကန့်သတ်ချက်များပြုလုပ်ခဲ့သည်။ထရန့်သည် ၎င်း၏ပြိုင်ဘက် ဂျိူးဘိုင်ဒင် ကိုတရုတ်နှင့်ဆက််ဆံရာတွင်သဘောထားပျော့ပျောင်းသူ ဟုစွပ်စွဲ ပြောကြားခဲ့သည်။ 

စောစောပိုင်းကအမေရိကန်ကျောင်းများတွင်စာရင်းသွင်းထားသည့် တရုတ်ကျောင်းသားများသည် ဗုဒ္ဓဟူးနေ့က ဘေဂျင်းရှိ အမေရိကန်သံရုံးသို့မဟုတ်တရုတ်နိုင်ငံဆိုင်ရာအမေရိကန်ကောင်စစ်ဝန်တို့ ထံမှ၎င်းတို့၏ပြည်ဝင်ခွင့် များကိုပယ်ဖျက်လိုက်ကြောင်းအီးမေးလ်ကိုရရှိခဲ့သည်။ 

F -1 ပညာရေးဗီဇာကိုကိုင်ဆောင်ထားကြသောဘွဲ့ကြိုနှင့်ဘွဲ့လွန်ကျောင်းသား ၅၀ ခန့်က၎င်းတို့ အနေဖြင့်အမေရိကန်ပြည်ထောင်စုသို့သွားလို ပါကဗီဇာအသစ်ထပ်မံလျှောက်ထားမည်ဟု WeChat  တွင်ရေးသားခဲ့သည်။ 

အဆိုပါကျောင်းသားများမှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ အထူးပြုကျောင်းသားများ ဖြစ်သည်ဟုသိရှိရသည်။၎င်းတို့သည်တရုတ် တက္ကသိုလ်များမှဘွဲ့ရရှိခဲ့ပြီးတရုပ်တပ်မတော်နှင့် ဆက်နွယ်နေသည့်ဘွဲ့လွန်ကျောင်းသားများဖြစ်သည်ဟုသိရှိရသည်။ 

အမေရိကန်အစိုးရသည်တရုတ်တပ်မတော််နှင့်ဆက်နွယ်နေသည်ဟုယုံကြည်ရသည့်တရုတ်ကျောင်းသား ထောင်ပေါင်းများစွာ၏ပြည်ဝင်ခွင့်ကိုဖျက်သိမ်းရန်စီစဉ်နေသည်ဟူ မေလနှောင်းပိုင်းကရရှိသော သတင်းများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly