ကမ္ဘာတစ်ဝန်းလုံးတွင်ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူအရေအတွက်မှာ ၉၀၀ ၀၀၀ အထိရောက်ရှိလာနေ 

ကမ္ဘာတစ်ဝန်းလုံးတွင်ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူအရေအတွက်မှာ ၉၀၀ ၀၀၀ အထိရောက်ရှိလာနေ 

စက်တင်ဘာ ၁၀ 

ကမ္ဘာတစ်ဝန်းလုံးတွင်ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူဦးရေမှာ ဗုဒ္ဓဟူးနေ့တွင် ၉၀၀ ၀၀၀  ခန့်ရှိသွားပြီဖြစ်သည်။ တစ်ကမ္ဘာလုံးတွင်ဗိုင်းရပ်စ်ကူးစက်သူ ၂၇.၇ သန်းအထိ မြင့်တက်လာသည်ဟု ရိုက်တာသတင်းဌာနမှဖော်ပြခဲ့သည်။ 

အမေရိကန်ပြည်ထောင်စုမှာဗိုင်းရပ်စ်ဒဏ်ကိုအများဆုံးခံနေရသည့်နိုင်ငံဖြစ်ပြီးသေဆုံးသူ ၁၉၀ ၀၀၀ နှင့်ကူးစက်သူ ၆.၃ သန်းရှိသည်။ ဘရာဇီး နိုင်ငံသည်သေဆုံးသူ ၁၂၇ ၀၀၀ ကျော်နှင့် အမေရိကန် ၏နောက်ဒုတိယနေရာတွင်ရပ်တည်လျက်ရှိသည်။ အိန္ဒိယနိုင်ငံ သည် သေဆုံးသူ ၇၄ ၀၀၀ နီးပါးဖြင့် တတိယနေရာတွင်ရှိနေသည်။ 

တနင်္လာနေ့က အိန္ဒိယနိုင်ငံတွင်ပိုးကူးစက်သူ ၉၀ ၈၀၂ ကိုထပ်မံတွေ့ရှိရပြီးနေ့စဉ်လူနာ သစ်တိုးတက်မှုပမာဏတွင်အမြင့်ဆုံးဖြစ်သည်။ဘရာဇီး နိုင်ငံသည် စုစုပေါင်းကူးစက်သူ ဦးရေ  ၄.၃ သန်းဖြင့် ဒုတိယနေရာတွင်ရောက်ရှိနေပြီး အိန္ဒိယနိုင်ငံက စုစုပေါင်းကူးစက် သူဦးရေ ၄.၁ သန်းဖြင့် တတိယနေရာတွင်ရှိနေသည်။ 

အိန္ဒိယတွင်ကူးစက်သူအမြောက်အများရှိလာမည့်လက္ခဏာမပြသပဲကူးစက်သူဦးရေမြင့် တက်လာခြင်းဖြစ်သည်။ အသွားအလာကန့်သတ်မှုများပြုလုပ်ခဲ့ပြီးနောက် ပထမဆုံး အကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့ကဘားများပြန်လည်ဖွင့်လှစ်ခဲ့ရာအခြားသောနိုင်ငံများထက် နေ့စဉ်ကူးစက်သူဦးရေမြင့်တက်မှုပမာဏထက်ပိုမိုကူးစက်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယတွင် ကူးစက်မှုကြောင့်သေဆုံးသူဦးရေမှာအခြားနိုင်ငံများထက်ပိုမိုခဲ့ပြီးလွန်ခဲ့သော ရက်သတ္တ နှစ်ပတ်အတွင်းသေဆုံးသူမှာ ပျမ်းမျှနေ့စဉ်သေဆုံးသူ ဦးရေ ၁၀၀၀ ထက်ပိုမိုများလာ ခဲ့သည်။ 

ဗြိတိန်နိုင်ငံတွင်မေလမှစတင်၍ကူးစက်သူဦးရေမြင့်တက်လာရာ ရက်သတ္တတစ်ပတ် ကျော်ကာလအတွင်းကူးစက်သူ ၃၀၀၀ နီးပါးသို့သိသိသာသာမြင့်တက်လာခဲ့သည်။ထိုသို့ မြင့်တက်လာမှုကိုထိန်းချုပ်နိုင်ရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်စ် ဂျွန်ဆင် ကလူ ၆ ဦး ထက်ပို၍မစုဝေးကြရန်အမိန့်ထုတ်ပြန်ခဲ့သည်။ 

ဗြိတိန်သည် ဂရိကျွန်းများ၊ ပြင်သစ်၊ ခရိုအေးရှား နှင့် စပိန် တို့ကဲ့သို့ကူးစက်သူဦးရေမြင့် တက်နေသည့်နိုင်ငံများမှပြန်လာသူများကို ၁၄ ရက်ကြာသီးသန့်ခွဲထားပြီးစောင့်ကြည့် လျက်ရှိသည်။ဗြိတိန် နိုင်ငံသည်ကူးစက်မှုကြောင့်သေဆုံးသူဦးရေ ၄၁ ၅၉၄ ဖြင့်ပဉ္စမ မြောက်သေဆုံးမှုအများဆုံးနိုင်ငံအဖြစ်ရောက်ရှိနေသည်။ 

အနောက်ဥရောပဒေသတွင် စပိန် သည်သေဆုံးသူဦးရေ ၅၀၀ ၀၀၀ ကျော်သို့ရောက်ရှိနေ သဖြင့်သေဆုံးသူအများဆုံးနိုင်ငံဖြစ်နေသည်။အဆိုပါပမာဏသည် တနင်္လာနေ့ကစာရင်း ဖြစ်ပြီးလက်ရှိအချိန်တွင်ရောဂါကူးစက်သူစုစုပေါင်း ၅၅၂ ၀၀၀ ဦးရှိနေပြီဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly