Miss Universe ပြိုင်ပွဲအတွက် နိုဝင်ဘာ ၂၈ရက်တွင် အမေရိကားသို့ သွားမည့် အလှမယ် မေဘရဏီသော်

Miss Universe ပြိုင်ပွဲအတွက် နိုဝင်ဘာ ၂၈ရက်တွင် အမေရိကားသို့ သွားမည့် အလှမယ် မေဘရဏီသော်

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ။       ။ Miss Universe Myanmar 2015 မေဘရဏီသော်သည် အမေရိကန်နိုင်ငံ Las Vegas မြို့တွင် ဒီဇင်ဘာ ၂၀ရက်တွင် ပြုလုပ်မည့် Miss Universe ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၂၈ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာမည် ဖြစ်သည်။

Miss Universe Myanmar Organization မှ အောက်တိုဘာလတွင် ကျင်းပခဲ့သည့် Miss Universe Myanmar ပြိုင်ပွဲ၌ Miss Universe Myanmar 2015 နှင့် Miss Universe Myanmar 2016 တို့ ရွေးချယ် ရာတွင် မေဘရဏီသော်မှ Miss Universe Myanmar 2015 ရွေးချယ်ခြင်း ခံရပြီး Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အလှမယ် မေဘရဏီသော်သည် Miss Universe ပြိုင်ပွဲသို့ သွားရောက် မယှဉ်ပြိုင်ခင် Miss Universe Myanmar 2015 မေဘရဏီသော် နှင့် Miss Universe Myanmar 2016 ထက်ထက်ထွန်း တို့သည် Miss Universe Myanmar Organization၏ စီစဉ်မှုဖြင့် နိုဝင်ဘာ ၂၁ရက် မှ ၂၅ရက် အထိ ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် ပြိုင်ပွဲအတွက် လိုအပ်မည့် Make-up and hair training for doing by herself, Walk and Post, Dress up, Personality and confidence များကို သွားရောက် သင်ကြားမည်ဖြစ်သည်။

ယခုနှစ် သွားရောက် ယှဉ်ပြိုင်မည့် အလှမယ် မေဘရဏီသော် အတွက် National Costume နှင့် Evening Gown များကို ဒီဇိုင်နာ မင်းသက်စံ (Sweet&Smart)၊ မြန်မာဝတ်စုံများကို ဒီဇိုင်နာ ငြိမ်းကို (Chic&chic) နှင့် Casual wear များကို ဒီဇိုင်နာ ရွှန်းလတ်ပိုင် တို့မှ ပံ့ပိုး ပေးသွားမည် ဖြစ်သည်။

Miss Universe 2015 ပြိုင်ပွဲကို အမေရိကန်နိုင်ငံ Las Vegas မြို့တွင် ဒီဇင်ဘာ ၂၀ရက်၌ ကျင်းပသွားမည် ဖြစ်သည်။ Miss Universe Myanmar Organizationမှ ရုရှားနိုင်ငံ မော်စကို မြို့တွင်ပြုလုပ် သည့် Miss Universe 2013 ပြိုင်ပွဲသို့ အလှမယ် မိုးစက်ဝိုင်ကို စေလွှတ်ခဲ့ပြီး ၂၀၁၄ ခုနှစ် အတွက် အမေရိကန် နိုင်ငံတွင် ပြုလုပ်သည့် Miss Universe 2014 ပြိုင်ပွဲကို အလှမယ် သျှားထွဋ်အိန္ဒြာက ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

အလှမယ် မေဘရဏီသော်သည် B.A History နှင့် ကျောင်းပြီးထားကာ LCCI Level 1,2,3 အောင်မြင်ခဲ့ပြီး Diploma In Management လည်း အောင်မြင်ထားသည်။ ၎င်းသည် Miss People 2013 ကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး 1st Runner up ရရှိခဲ့သူ ဖြစ်သည်။  ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် Miss International Beauty Pageant 2014 ကိုလည်း မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ထားသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly