တရုတ် နိုင်ငံသည် လွတ်လပ်သောသတင်းမီဒီယာများကိုကြောက်ရွံ့နေဟု အမေရိကန်က စွပ်စွဲ

တရုတ် နိုင်ငံသည် လွတ်လပ်သောသတင်းမီဒီယာများကိုကြောက်ရွံ့နေဟု အမေရိကန်က စွပ်စွဲ

စက်တင်ဘာ ၉

တရုတ် အစိုးရက နိင်ငံတကာသတင်းမီဒီယာသမားများကိုကန့်သတ်မှုအသစ်များ ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန် မှ တရုတ် သည်လွတ်လပ်သောသတင်းမီဒီယာများကို ကြောက်ရွံ့နေသည်ဟု စက်တင်ဘာ လ(၈)ရက် (အင်္ဂါနေ့)တွင်စွပ်စွဲပြောကြားခဲ့သည်။

တရုတ် နိုင်ငံတွင်နိုင်ငံခြားသားသတင်းမီဒီယာသမားများ အလုပ်လုပ်ကိုင်ခွင့်ကိုကန့်သတ်ချက်များပိုမို ပြုလုပ်သွားရန်စီစဉ်နေသည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကအကြောင်းကြားခဲ့ကြောင်း၊ ယခုကဲ့ သို့ပြောကြား ခြင်းသည် တရုတ် နိုင်ငံတွင်းမီဒီယာကဏ္ဍကိုပိုမိုဆိုးရွားစေမည်ဖြစ်ပြီး လွတ်လပ်၍ပွင့်လင်း သောသတင်းမီဒီယာဖြစ်စေနိုင်မည်မဟုတ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီသည်အဘယ့်ကြောင့် လွတ်လပ်၍သတင်းစုံစမ်းရေး မီဒီယာကိုကြောက်ရွံ့နေရသနည်း ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး  မော်ဂန် အော်တေဂတ်စ် က တွီတာ တွင်ရေးသားခဲ့သည်။  

တရုတ်နိုင်ငံတွင်အလုပ်လုပ်နေသော နိုင်ငံခြားသားမီဒီယာသမားများအနေဖြင့် ဥပဒေကိုလိုက်နာကြ ရမည်ဟု တရုတ် အစိုးရကအင်္ဂါနေ့တွင်သတိပေးပြောကြားခဲ့သည်။

လွန်ခဲ့သည့်လက တရုတ် နိုင်ငံတွင်အလုပ်လုပ်နေသူ ဩစတေးလျ သတင်းသမား ချန်းလိုင် သည်  တရုတ် နိုင်ငံအမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေသည်ဟုယူဆကာ ထိန်းသိမ်းခံခဲ့ ရပြီးနောက် နောက်ထပ် ဩစတေးလျ မီဒီယာသမားနှစ်ဦးတို့သည်ဖမ်းဆီးခံရမည်ကိုစိုးရိမ်ပြီးအင်္ဂါနေ့ကတရုတ်နိုင်ငံ မှထွက်ပြေးသွားခဲ့ကြသည်။ထိုသို့ထွက်ပြေးမှုဖြစ်ပေါ်ပြီးနောက်တရုတ်အစိုးရ၏သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။  

တရုတ် အစိုးရသည်လူ့အခွင့်အရေးကိစ္စအပါအဝင်သတင်းစုံစမ်းဖော်ပြချက်များကိုမပြုလုပ်နိုင်စေရန် ထင်ရှားသောသတင်းစာတိုက်များမှ အမေရိကန် သတင်းစာဆရာများကိုနိုင်ငံမှနှင်ထုတ်ခဲ့ဖူးသည်။  

တရုတ် အစိုးရသည်၎င်းတို့နိုင်ငံတွင်အလုပ်လုပ်နေသောအမေရိကန်မီဒီယာသမားများကိုတင်းကျပ်သော စည်းကမ်းချက်များထုတ်ပြန်ခဲ့သော်လည်း အမေရိကန် ရှိ တရုတ် သတင်းသမားများကိုမူစည်းကမ်း တင်းကျပ်ခြင်း မပြုခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly