စက်တင်ဘာလလယ်၌ 5G iPhone များ Apple က စတင်ထုတ်လုပ်မည်

စက်တင်ဘာလလယ်၌ 5G iPhone များ Apple က စတင်ထုတ်လုပ်မည်

စက်တင်ဘာ ၉

Apple ကုမ္ပဏီသည် ခရီးသွားကန့်သတ်ချက်များနှင့် အခြားသော ကိုရိုနာဗိုင်းရပ်စ် အဟန့်အတားများကို ကျော်လွှားပြီး စက်တင်ဘာလလယ်တွင် ၎င်း၏ 5G iPhone များကို ကနဦးစတင်ထုတ်လုပ်သွားတော့မည် ဖြစ် သည်။ 

5G iPhone များ ထုတ်လုပ်ရာ၌ လများစွာ နှောင့်နှေးနိုင်သည့်အစား သီတင်းပတ်မျှသာ နှောင့်နှေးခံပြီး ထုတ်လုပ်လာရန်ရှိသည်ဟု Nikkei Asian Review က ကြားသိရသည်။ 

ထုတ်လုပ်မှုကို အကန့်အသတ်ဖြင့် စတင်ထုတ်လုပ်မည် ဖြစ်ပြီး စက်တင်ဘာအကုန်နှင့် အောက်တိုဘာအစောပိုင်းတို့တွင် တဖြည်းဖြည်းချင်း ပိုမိုများပြားစွာ ထုတ်လုပ်သွားရန် မျှော်လင့်ထားသည်။ 

ယခုကဲ့သို့ စက်တင်ဘာတွင် စတင်ထုတ်လုပ်ခြင်း အချိန်ကာလမှာ Apple က ပြီးခဲ့သည့် နှစ်အနည်းအတွင်း ပုံမှန် ထုတ်လုပ်ဖြန်ချိမှု အချိန်ကာလနှင့် ကွာခြားနေလျက် ရှိသည်။ ပြီးခဲ့သည့် နှစ်အနည်းက စက်တင်ဘာတွင် ဈေးကွက်တင် ရောင်းချရန် Apple သည် ဩဂုတ်လ၌ အများအပြား ထုတ်လုပ်မှု စတင်ခြင်း ဖြစ်သည်။ 

သို့သော် လွန်ခဲ့သော လအနည်းငယ်က အခြေအနေများနှင့် နှိုင်းယှဉ်လျှင်မူ ယခုကဲ့သို့ စက်တင်ဘာ လလယ်တွင် ထုတ်လုပ်မှု စတင်မည် ဆိုခြင်းမှာ ကြီးမားသော တိုးတက်အောင်မြင်မှုပဲ ဖြစ်သည်ဟု ယင်းအရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်နှစ်ရပ်က ပြောသည်။ 

ကယ်လီဖိုးနီးယားက နည်းပညာကုမ္ပဏီကြီး Apple သည် 5G iPhones အလုံးရေ သန်း ၈၀ အတွက် ဆက်စပ်ပစ္စည်းများ မှာကြားထားပြီး ဖြစ်သော်လည်း ယခုနှစ်အတွင်း အမှန်တကယ် ထုတ်လုပ်နိုင်မည်မှာ အလုံးရေ ၇၃ သန်းနှင့် ၇၄ သန်းကြားသာ ဖြစ်ဖွယ်ရှိပြီး ကျန်သည်ကို ၂၀၂၁ အစောပိုင်းတွင် ထုတ်လုပ်ဖြစ်ဖွယ် ရှိသည်ဟု အဆိုပါ သတင်းရင်းမြစ်နှစ်ရပ်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly