COVID-19 အတည်ပြုလူနာ ၂ ဦး ထပ်မံ သေဆုံး

စက်တင်ဘာ ၈ရက် ။           ။ COVID-19 အတည်ပြုလူနာများထဲမှ နှစ်ဦးထပ်မံသေဆုံးသွားကြောင်း ယနေ့ စက်တင်ဘာလ ၈ရက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

သေဆုံးသူ နှစ်ဦးသည် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော လူနာအမှတ်(၁၆၂၉)နှင့် COVID-19 ကုသရေးဌာန(ဖောင်ကြီး)တွင် တက်ရောက်ကုသနေသည့် လူနာအမှတ်(၁၄၈၅)တို့ဖြစ်သည်။

လူနာအမှတ်(၁၆၂၉)သည် အသက် ၆၅နှစ်အရွယ် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက် ပျက်စီးခြင်း ရောဂါဖြင့် စက်တင်ဘာ ၇ရက်နေ့ နေ့လယ် ၁၂နာရီခွဲခန့်တွင် သေဆုံးခဲ့သည်။

လူနာအမှတ်(၁၄၈၅) သည် အသက် ၈၂နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက် ပျက်စီးခြင်း ရောဂါဖြင့် စက်တင်ဘာ ၈ရက်နေ့ နေ့လည် ၃နာရီကျော်ခန့်တွင်  သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 သေဆုံးသူ နှစ်ဦးစလုံးသည် ဆီးချို၊ သွေးတိုးရောဂါအခံရှိသူများဖြစ်ကြောင်း သိရသည်။ ယနေ့ ညထုတ်ပြန်ချက်တွင် အတည်ပြုလူနာသစ် ၉၉ ဦးရှိသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၈ရက် ညပိုင်း အထိ အတည်ပြုလူနာ ၁၇၀၉ဦးရှိပြီး သေဆုံးသူ ၁၀ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required