တိုင်ဖွန်းမုန်တိုင်းဟိုင်ရှန် တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကို ဝင်ရောက်

By AFP
08 September 2020
တိုင်ဖွန်းမုန်တိုင်းဟိုင်ရှန် တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကို ဝင်ရောက်

စက်တင်ဘာ ၈

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန်ဟာ ဂျပန်နိုင်ငံတောင်ပိုင်းကို တိုက်ခတ်ခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်မှာ တောင်ကိုရီးယားကို ဆက်လက်ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

ဟိုင်ရှန်မုန်တိုင်း ဖြတ်သန်းချိန် တောင်ကိုရီးယားနိုင်ငံ ဆိပ်ကမ်းမြို့ ဆုတ်ချိုမှာ လေပြင်းထန်တာ၊ လှိုင်းကြီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဟိုင်ရှန်တိုင်ဖွန်းမုန်တိုင်းဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ခြမ်းမှာ ဖြတ်သန်းနေခဲ့ချိန် လေတိုက်နှုန်း တစ်နာရီ ၁၁၂ ကီလိုမီတာအထိ ရှိနေခဲ့ပါတယ်။

မုန်တိုင်းဝင်ချိန် ဆိပ်ကမ်းမြို့ ဆုတ်ချိုရဲ့ လမ်းတွေပေါ်မှာတော့ များသောအားဖြင့် လူသူကင်းမဲ့နေခဲ့ပေမယ့် ဒေသခံတချို့ကတော့ မိုးရွာလေထန်နေတဲ့ကြားကပဲ အရဲစွန့်ပြီး ဓာတ်ပုံရိုက်တာတွေလုပ်ခဲ့ကြပါတယ်။

ဆုတ်ချိုမြို့ပြင်ဘက်မှာတော့ မြစ်တွေဟာ အပျက်အစီးအပိုင်းအစတွေက သယ်ဆောင်ပြီး စီးဆင်းနေခဲ့သလို လေပြင်းကျမှုကြောင့် ရံဖန်ရံခါ သစ်ပင်တွေ လဲကျတာတွေ ရှိခဲ့ပါတယ်။

တချိန်တည်းမှာလည်းပဲ မြောက်ကိုရီးယားဘက်မှာလည်း တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးမှုတွေ၊ လေပြင်းထန်မှုတွေနဲ့ သစ်ပင်တွေ လဲကျမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်တဲ့ ပုံရိပ်တွေထဲမှာလည်း အဆိုပါ အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် လေပြင်းထန်ပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်နေတာတွေကို တွေ့မြင်ခဲ့ရပါတယ်။

မြောက်ကိုရီးယားမှာတော့ အခြေခံအဆောက်အအုံဆိုင်ရာ ကြံ့ခိုင်မှုအခြေအနေကြောင့် သဘာဝဘေးဒုက္ခဆိုးနဲ့ ကြုံရရင် ထိခိုက်မှု ကြီးမားလေ့ ရှိပါတယ်။ ဒါ့အပြင် ယင်းနိုင်ငံမှာ တောင်ကုန်းတောင်တန်းအများအပြားဟာ လည်း ကာလကြာကတည်းက သစ်တောပြုန်းတီးမှုတွေ ရှိနေခဲ့သလို ရေလွှမ်းမိုးမှုတွေကို ခုခံနိုင်စွမ်း အားနည်းမယ့် အခြေအနေမှာ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required