အမေရိကန်မြို့ကြီးများ၌ ဆန္ဒပြပွဲများဖြစ်ပွားနေစဉ် ဂျက်ကော့ဘ်ဘလိတ်မှ ပစ်ခတ်ခံရပြီးနောက် ပထမဦးဆုံးအကြိမ် ဝေဖန်ပြောကြား 

အမေရိကန်မြို့ကြီးများ၌ ဆန္ဒပြပွဲများဖြစ်ပွားနေစဉ် ဂျက်ကော့ဘ်ဘလိတ်မှ ပစ်ခတ်ခံရပြီးနောက် ပထမဦးဆုံးအကြိမ် ဝေဖန်ပြောကြား 

စက်တင်ဘာ ၇ 

လွန်ခဲ့သည့်လက ဝစ်စ်ကွန်ဆင် တွင်လူဖြူရဲအရာရှိ ၏ပစ်ခတ်မှုခံခဲ့ရသည့် လူမည်းအမျိုးသား ဂျက်ကော့ဘ်ဘလိတ် သည် အမေရိကန်မြို့ကြီးများတွင်ဆက်လက်ဖြစ်ပေါ်နေသည့် လူမျိုးရေးဆိုင်ရာ တရားမျှတမှုနှင့် မူဝါဒများအပေါ် ဆန္ဒပြပွဲများနှင့်ပတ်သက်၍ ပထမဆုံးအကြိမ်ဝေဖန် ပြောကြား လိုက်သည်။ 

တွီတာတွင်တင်ထားသည့်ဗွီဒီယိုတွင်လူနာဝတ်စုံကိုဝတ်ဆင်ထားသော ဘလိတ် မှ ပစ်ခတ်ခံရပြီးနောက် ပိုင်း နာကျင်မှုကိုဆက်တိုက်ခံစားနေရပြီးခါးအောက်ပိုင်းတွင်အကြောသေသလိုဖြစ်နေကြောင်းဖြင့်ပြော ကြားခဲ့သည်။ 

၎င်း၏ရှေ့နေဖြစ်သူ ဘင်ခရမ့် တင်ပေးသောဗွီဒီယိုတွင် ကျွန်တော့နောက်ကျောကလည်းတင်းနေတယ် အစာအိမ်ရောပဲ၊ အသက်ရှုရတာ ၊ အိပ်ရတာ ၊နေရာရွှေ့ရတာခက်တယ်၊ အစာစားရတာလည်းခက်တယ် ဟုပြောကြားခဲ့သည်။ 

မေလက အမေရိကန်နိုင်ငံ မင်နီယာပိုလစ် တွင်လူဖြူရဲအရာရှိကလူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် ၏လည်ပင်း ကို ၉ မိနစ်ကြာဒူးဖြင့်ဖိထားမှုကြောင့်သေဆုံးမှုဖြစ်ပွားပြီးနောက် ဩဂုတ်လ ၂၃ ရက်နေ့ တွင် ဘလိတ် (၂၉ နှစ်)သည်လူမျိုးရေး ခွဲခြားဆက်ဆံမှုကြောင့်ဆန္ဒပြရာမှရဲကပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

အမေရိကန် နိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့်လူပေါင်း ၁၉၀ ၀၀၀ နီးပါးသေဆုံးခဲ့ပြီးနောက် လူမှုရေးနှင့်စီးပွားရေးအခက်အခဲများဖြစ်ပေါ်လာခြင်းနှင့်အတူ ဆန္ဒပြမှုများလည်းပိုမိုဖြစ်ပွားလာခဲ့သည်။ 

နိုဝင်ဘာလ ၃ ရက်နေ့တွင်ပြုလုပ်မည့်ရွေးကောက်ပွဲတွင်သမ္မတ ဒေါ်နယ်ထရန့် ပြန်လည်ရွေးကောက်ခံ ရရန် လှုံ့ဆော်ပွဲများမတိုင်မီဆန္ဒပြပွဲများဖြစ်ပေါ်လာခြင်းဖြစ်သည်။ 

အိုရီဂွန် ပြည်နယ် ပို့တ်လန်မြို့ တွင်လည်းရက် ၁၀၀ မြောက်အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိ သည်။ မျက်ရည်ယိုဗုံးများသုံးကာလူစုခွဲနေသောရဲများအားဆန္ဒပြသူများက ကျောက်ခဲများ၊မီးလောင်ဗုံး များဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံးလူတစ်ဦးဒဏ်ရာရပြီး  ၅၀ ကျော်အဖမ်းခံခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required