လီထယ်အင် ယာဉ်မတော်တဆမှုတွင် ဒဏ်ရာရခဲ့

လီထယ်အင် ယာဉ်မတော်တဆမှုတွင် ဒဏ်ရာရခဲ့

ဆိုးလ်၊ နိုဝင်ဘာ ၁၁ ။           ။ တောင်ကိုရီးယား မင်းသမီး လီထယ်အင်သည် နိုဝင်ဘာ ၁၀ ရက် နံနက်က ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်တွင်းသတင်း မီဒီယာတစ်ခုက သတင်း ထုတ်ပြန်သည်။

လီသည် ရုပ်မြင်သံကြား အချစ်ဇာတ်မြူး ဇာတ်လမ်တွဲ You Will Love Me ဇာတ်ကားတွင် ရိုက်ကူးရေးအတွက် သွားစဉ် အင်ချောင်မြို့ ဆိုဂူဒေသတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုသည် အသေးစား ယာဉ်တိုက်မှုဖြစ်ပြီး လက်ရှိအချိန်တွင် လီသည် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ရရှိသောဒဏ်ရာမှာ ပြင်းထန်မှုမရှိကြောင်း ရုပ်မြင်သံကြား အစီစဉ် ထုတ်လုပ်သူ ဂျီဒမ်က ပြောကြားခဲ့သည်။ လီသည် လက်ရှိအချိန်တွင် You Will Love Me ဇာတ်ကားတွင် သရုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly