စက်တင်ဘာ ၇
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လအတော်ကြာ ပိတ်ထားခဲ့တဲ့ နယူးဒေလီက မြေအောက်ရထားအချို့ကို တနင်္လာနေ့မှာ ပြန်လည်စတင်ပြေးဆွဲပါတယ်။
နိုင်ငံအနေနဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ကိုးသောင်းကျော်အထိ ရှိပြီး စုစုပေါင်း ကူးစက်သူဦးရေမှာ ဘရာဇီးနိုင်ငံထက်တောင် ကျော်လွန်များပြားလာခဲ့တဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ အခုဆိုရင် ကမ္ဘာမှာ အမေရိကန်ပြီးရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပြီး စုစုပေါင်း ကူးစက်ဖြစ်ပွားသူ ၄၂ သန်းကျော် ရှိပါတယ်။
COVID-19 ကြောင့် သေဆုံးမှုနှုန်းမှာလည်း တတိယမြောက် အများဆုံးနိုင်ငံအဖြစ် လူပေါင်း ၇၁၆၄၂ ဦး သေဆုံးထားပြီ ဖြစ်ပါတယ်။
ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားတာက ပြည်နယ်ငါးပြည်နယ်က အများစု ကူးစက်ဖြစ်ပွားနေတာပါ။
မတ်လအတွင်းက ဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင် သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ စီးပွားရေးကို ပြန်လည်မြှင့်တင်နိုင်ဖို့ အစိုးရဟာ ကန့်သတ်တားမြစ်ချက်တွေကို ဆက်လက်ရုပ်သိမ်းနေချိန်မှာပဲ ခုလို ကူးစက်မှုနှုန်း မြင့်မားနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ခုနစ်ရက်တာအတွင်း ကူးစက်နှုန်း တစ်ဟုန်ထိုး မြင့်မားပြီး တစ်နေ့ကို ခုနစ်သောင်းခွဲကျော် နေ့စဉ်ကူးစက်နှုန်း ရှိခဲ့ပါတယ်။
ကူးစက်မှုနှုန်းရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ အန်ဒဟာပရာဒက်ရှ်၊ တမီလ်နာဒူး၊ ကာနာတာကာ၊ မဟာရာရှက်ထရာနဲ့ ဥတာပရာဒက်ရှ်ပြည်နယ်တွေကပဲ ဖြစ်ပါတယ်။
မြို့တော် နယူးဒေလီမှာလည်း ကူးစက်ဖြစ်ပွားမှု မြင့်တက်နေပြီး တနင်္ဂနွေနေ့မှာ နှစ်လအတွင်း ကူးစက်ဖြစ်ပွားမှု အများဆုံးအဖြစ် စံချိန်တင် ၃၂၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားခဲ့ပါတယ်။
ကူးစက်နှုန်း မြင့်မားလာတာဟာ နိုင်ငံအနှံ့မှာ နေ့စဉ်စစ်ဆေးစမ်းသပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာကြောင့်လည်း ဖြစ်ပါတယ်။