နိုဝင်ဘာ ၉ မှ ၁၁ ရက်ထိ ၃ ရက်ကြာ ထုတ်ပြန်သည့် အနိုင်ရ အမတ်လောင်းစာရင်း အကျဉ်းချုပ်

နိုဝင်ဘာ ၉ မှ ၁၁ ရက်ထိ ၃ ရက်ကြာ ထုတ်ပြန်သည့် အနိုင်ရ အမတ်လောင်းစာရင်း အကျဉ်းချုပ်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေကို ထုတ်ပြန်ကြေညာရာမှာ နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်ထိ သုံးရက်တာကာလအတွင်း အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၁၆ ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၈၃ ဦးနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃၂၈ ဦး၊ စုစုပေါင်း ၆၂၇ ဦးရဲ့ အမည်စာရင်းကိုသာ ကြေညာပေးထားပါ တယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ပြည်သူ့ လွှတ်တော်မှာ NLD က ၁၇၉ ဦး၊ ကြံ့ခိုင်ရေး က ၁၇ ဦး၊ SNLD က ၁၁ ဦး၊ 'ဝ' ဒီမိုကရက်တစ် ပါတီက ၁ ဦး၊ ရခိုင်အမျိုးသားပါတီ ၃ ဦး၊ ကိုးကန့်ဒီမိုကရက်တစ်ပါတီ ၁ ဦး၊ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီက ၂ ဦးနဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ၁ ဦး၊ တသီးပုဂ္ဂလ ၁ ဦး အနိုင်ရထားပါတယ်။ အမျိုးသား လွှတ်တော်မှာတော့ NLD ပါတီက ၇၇ နေရာ၊ ကြံ့ခိုင်ရေးက ၄ နေရာ၊ တစ်သီး ပုဂ္ဂလ (သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း) က ၁ နေရာနဲ့ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီက ၁ နေရာ အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာဆို ရွေးကောက်ပွဲကော်မရှင်က ၂၅၈ နေရာ တရားဝင်အတည်ပြု ထုတ်ပြန်ထားရာ NLD ပါတီက ၂၃၄ နေရာအနိုင်ရရှိထားပြီး၊ ကြံ့ခိုင်ရေးပါတီက ၃၀ နေရာ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ ၂ နေရာ၊ စည်းလုံးညီညွှတ်ရေးနှင့် ကချင်ဒီမိုကရေစီပါတီ ကချင် ပြည်နယ်(စ.ဒ.က ) ၁ ဦး၊ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ၃ နေရာ၊ မွန်အမျိုးသားပါတီ ၁ နေရာ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ၂ နေရာ ၊SNLD ပါတီက ၈ နေရာ၊ ကရင်ပြည်သူ့ပါတီ ၁ နေရာ အနိုင်ရထား ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly