ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံခြင်း (အပိုင်း၁)

ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံခြင်း (အပိုင်း၁)

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားမှု ဒုတိယအကြိမ် ပြန်လည်ရိုက်ခတ်လာနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောတိုက်ဖျက်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ မဇ္ဈိမ မီဒီယာက တွေ့ဆုံမေးမြန်းထားပါတယ်။

ဒီလို တွေ့ဆုံမေးမြန်းရာမှာတော့ ကိုဗစ်၁၉ ရောဂါဖြစ်ပွားမှု ဘာကြောင့်မြင့်တက်လာတာလဲ၊ ရောဂါကူးစက်ခံရမှုအတွက် ဆေးစစ်ခ တစ်ဦးကို ဘယ်လောက်ကျသလဲ၊ Rapid Kit နဲ့ ရောဂါပိုးရှိမရှိစစ်တာဟာ ဘယ်လောက်စိတ်ချရသလဲဆိုတာ အပါအဝင် Stay-home အဆင့်ပြီးရင် ဘယ်လိုအဆင့်တွေထပ်လာမလဲဆိုတာကို တွေ့ဆုံမေးမြန်းမှုရဲ့ ပထမပိုင်းအဖြစ် တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း- သန်းထိုက်အောင်

ရိုက်ကူး/တည်းဖြတ်- အောင်မြတ်သူ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required