တရုတ်၏ AI ပို့ကုန်ထိန်းချုပ်မှုကြောင့် TikTok ရောင်းချမှုကို ထိခိုက်လာနိုင်

တရုတ်၏ AI ပို့ကုန်ထိန်းချုပ်မှုကြောင့် TikTok ရောင်းချမှုကို ထိခိုက်လာနိုင်

သြဂုတ် ၃၀

တရုတ်နိုင်ငံသည် ၎င်း၏ ပို့ကုန်ထိန်းချုပ်မှု စာရင်း၌ AI (ဉာဏ်ရည်တု) နည်းပညာအချို့ကို ထည့်သွင်းလိုက်သည်။  

ထိုအတွက် တရုတ် ByteDance ကုမ္ပဏီက ၎င်း၏ လူကြိုက်များ ရေပန်းစားသော TikTok အက်ပရီကေးရှင်း၏ အမေရိကန် ဝန်ဆောင်မှုလုပ်ငန်းကို ရောင်းချရေးတွင် ထိခိုက်မှု ဖြစ်လာစေနိုင်သည်။ 

ပြီးခဲ့သည့် သောကြာနေ့ညက တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ အသစ်ထုတ်ပြန်သော ပို့ကုန်ထိန်းချုပ်မှုစာရင်းတွင် အရပ်ဖက်၊ စစ်ဖက် နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သော နည်းပညာများအပါအဝင် ဉာဏ်ရည်တု နည်းပညာအချို့ကို ပြည်ပသို့ ရောင်းချခြင်းအား ကန့်သတ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

အဆိုပါ ထုတ်ပြန်သော စာရင်းတွင် ကမ္ဘာတစ်လွှား သုံးစွဲသူ သန်းပေါင်းများစွာရှိသည့် TikTok ကို နာမည်ရေးသား ဖော်ပြထားခြင်း မရှိသော်လည်း သက်ရောက်မှုတော့ ရှိမည် ဖြစ်သည်။ 

TikTok အား ထင်မြင်ချက်ပေးရန် Nikkei Asian Review က တောင်းခံရာ၌ ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။ အဆိုပါ စာရင်းပါ ထိန်းချုပ်မှုက မည်သည့်အချိန်၌ အာဏာသက်ရောက်မည်ကို သေချာမသိရသေးပေ။ 

TikTok ၏ အမေရိကန်လုပ်ငန်းကို အမေရိကန်ဝယ်လက်တစ်ဦးထံ ရောင်းချခြင်း သို့မဟုတ် အတင်းအကြပ် ပိတ်သိမ်းခြင်း လုပ်ရန် ByteDance ကုမ္ပဏီအား နိုဝင်ဘာ ၁၂ ရက် သတ်မှတ်ရက်ပေးထားသည်က နီးကပ်လာနေစဉ် ယခု စည်းမျဉ်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမျိုးသားလုံခြုံရေး စိုးရိမ်ပူပန်စရာအဖြစ် အမေရိကန်ဈေးကွက်မှ TikTok အား တားမြစ်သည့် အထူးအမိန့်တစ်ရပ်အား ထုတ်ပြန်ထားသည်။ သို့သော် ByteDance ကုမ္ပဏီက ယင်းအရေးကို တရားရုံးတွင် အမှုစွဲတင်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly