၃၅ နာရီဆက်တိုက် ကာရာအိုကေသီချင်းဆိုခဲ့သည့် တောင်အာဖရိကစုံတွဲ ဂင်းနစ်စံချိန်တင်

၃၅ နာရီဆက်တိုက် ကာရာအိုကေသီချင်းဆိုခဲ့သည့် တောင်အာဖရိကစုံတွဲ ဂင်းနစ်စံချိန်တင်

ဩဂုတ် ၂၉  

တောင်အာဖရိကစုံတွဲတစ်တွဲသည် ကာရာအိုကေစုံတွဲသီချင်း‌များကို  ၃၅ နာရီကြာအောင် မနားတမ်း ဆက်တိုက်သီဆိုခြင်းဖြင့် အချိန်အကြာဆုံး စုံတွဲသီချင်း သီဆိုနိုင်သူများအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ကြောင်း သိရသည်။   

တောင်အာဖရိကနိုင်ငံ Mbombela မြို့က Jacqueline Brits နှင့် Rhinus Lotz တို့သည် အစောပိုင်းက ၄၈ နာရီကြာအောင် သီဆိုကြရန် စီစဉ်ထားခဲ့သော်လည်း အဆက်မပြတ် သီဆိုကာ မောပန်းလာကြသည့်အတွက် ၃၅ နာရီကြာအောင်သာ သီဆိုကြရန် ဆုံးဖြတ်ခဲ့ကြသည်။

ကာရာအိုကေစုံတွဲသီချင်းကို ၂၅ နာရီဆက်တိုက်သီဆိုနိုင်ပါက ကမ္ဘာ့စံချိန်တင်နိုင်ပေသည်။  

 သီချင်းသီဆိုမှုကို Wild Medlar Guest House မှာ ပြုလုပ်ခဲ့ပြီး ဖေ့ဘွတ်ခ်မှ တိုက်ရိုက် Live လွှင့်ခဲ့သည်။  

Jacqueline Brits  တို့နှစ်ဦးသည် အမေရိကန် Barberton မြို့ပြင် Dixie Farm တွင် ဘုရားကျောင်းတစ်ကျောင်းဆောက်လုပ်ရန် ရန်ပုံငွေရှာလိုသဖြင့် ဂင်းနစ်စံချိန်ချိုးရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။  

ဘုရားကျောင်းဆောက်လုပ်ရန်အတွက် ၂၀၂၁ ခုနှစ် ဇွန်အကုန်တွင် မတည်ငွေ အမေရိကန်ဒေါ်လာ  ၅၈၆၆ ရရှိရန် မျှော်မှန်းထားပြီး ဂင်းနစ်စံချိန်တင်ခဲ့မှုကြောင့် အမေရိကန်ဒေါ်လာ ၁၈၇၇ ရှာဖွေနိုင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly