ဝက်စ်ဟမ်းနှင့် ချယ်လ်ဆီးအသင်းကို အက်ဖ်အေပြစ်ဒဏ်ချ

ဝက်စ်ဟမ်းနှင့် ချယ်လ်ဆီးအသင်းကို အက်ဖ်အေပြစ်ဒဏ်ချ

နိုဝင်ဘာ ၁၁၊ လန်ဒန် ။            ။ ကစားသမားများကို ထိန်းချုပ်မှုအားနည်းခဲ့ကြောင်း ဝန်ခံခဲ့သည့် ဝက်စ်ဟမ်းနှင့်ချယ်လ်ဆီးအသင်းကို အက်ဖ်အေက ပေါင် ၄၀၀၀၀ နှင့် ၅၀၀၀၀ ဒဏ်ရိုက်ခဲ့သည်။

အောက်တိုဘာ ၂၄ အပ်တန်ပါ့ခ်တွင် ဝက်စ်ဟမ်းကချယ်လ်ဆီးကို ၂-၁ ဖြင့်နိုင်ခဲ့သည့်ပွဲမှ ဖြစ်ရပ်များအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ် သည်။

ချယ်လ်ဆီးအသင်းမှကစားသမား ငါးဦးအဝါကတ်ပြခံရခြင်းနှင့်အတူ ကွင်းလယ်လူ မာတစ်နှင့် မော်ရင်ဟိုတို့သည်လည်း အနီကတ်ပြခံခဲ့ရ သည်။

ပွဲချိန် ၄၄ မိနစ်တွင် မက်တစ်က ဆာခိုကိုဖျက်ထုတ်ခဲ့မှုအတွက်လည်း ဝက်စ်ဟမ်းကစားသမားများသည် ကွင်းလယ်ဒိုင် ဂျိုနသန်မော့ကို ဝိုင်းဝန်းစောဒကတက်ခဲ့ကြသည်။

"ကစားသမားများ၏အပြုအမူထိန်းချုပ်နိုင်ခြင်းမရှိ၍ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ နှစ်သင်းလုံးကိုလည်း အနာဂါတ်အပြုအမူများအတွက် သတိပေးလိုက်သည်"ဟု အက်ဖ်အေက ကြေညာခဲ့သည်။

ပထမတစ်ကြိမ်အဝါကတ်ပြခံထားရသော မာတစ်သည် မော့ကိုဖျက်ထုတ်မှုအတွက် ဒုတိယအကြိမ်အဝါကတ်ပြခံရသောကြောင့် ချယ်လ်ဆီး ကစားသမားများသည် ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်းစောဒကတက်ခဲ့ကြသည်။

ချယ်လ်ဆီးနည်းပြမော်ရင်ဟိုသည်လည်း မော့ကို ဒိုင်နားနေခန်းအတွင်း သွားရောက်ကန့်ကွက်ခဲ့၍ ပွဲချိန်ဒုတိယပိုင်းတွင် ပွဲကြည့်စင်သို့ နှင် ထုတ်ခံခဲ့ရသည်။

ယင်းအတွက် ၎င်းသည် ကွင်းအတွင်းဝင်ရောက်ကြီးကြပ်ခွင့်တစ်ပွဲပိတ်ပြစ်ဒဏ်နှင့် ပေါင် ၄၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly