ရခိုင်ပြည်နယ် မြို့တစ်ချို့တွင် အိမ်ပြင်ထွက်သွားလာရေးအတွက် ကဒ်ပြားများ ဖြန့်ဝေ

ရခိုင်ပြည်နယ် မြို့တစ်ချို့တွင် အိမ်ပြင်ထွက်သွားလာရေးအတွက် ကဒ်ပြားများ ဖြန့်ဝေ
 ပုံး - ရပ်ကွက်ကျော်လွန်သွားလာခွင့်ကဒ်ရရှိထားသူတစ်ဦး။ ဓာတ်ပုံ - အောင်အောင်ထူး

ဩဂုတ် ၂၈ 

ကိုဗစ်-၁၉ ရောဂါပြန့်နှံမှုမြင့်တက်လျက်ရှိသော ရခိုင်ပြည်နယ် စစ်တွေအပါအဝင် မြို့တစ်ချို့တွင် အိမ်ပြင်ထွက်သွားလာခွင့်ပြုချက်နှင့် မှတ်တမ်းကဒ်များကို အာဏာပိုင်များက ဖြန့်ဝေမှုများ ရှိနေသည်။

ကဒ်တစ်ခုချင်းစီတွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ တံဆိပ်တုံးနှင့် လက်မှတ်၊ နံပါတ်တစ်ခုစီနှင့် လက်ခံသည့်နေအိမ်၏ မိသား စုဝင်တစ်ဦး၏ အမည် ပါရှိသည်။

နောက်ပိုင်းတွင် အဆိုပါကဒ်ပါမှသာ နေအိမ်အပြင်ထွက်ခွင့်ရတော့မည်ဟု အုပ်ချုပ်ရေးမှူးများက ပြောသည်။

ဓာတ်ပုံ - စစ်တွေမြို့ဝင်ဆိုင်းဘုတ်

“ဒီကဒ်ကို မနေ့(သြဂုတ် ၂၇ ရက်)က ၁၂ နာရီလောက်မှာ သက်ဆိုင်ရာအကြီးအကဲတွေက လာပေးသွားတယ်။ ကဒ်နံပါတ်က (၂၀၅)  ပေါ့။ အဓိက အပြင်တွေဘာတွေထွက်ရင်လည်း ဒီကဒ်နဲ့ ထွက်လို့ရတာပေါ့နော်။ ကျနော်တို့အပြင်ထွက်လို့ ကိုဗစ်နဲ့ ပတ်သက်ပြီး အန္တရာယ်တစ်ခုခုဖြစ်ရင် Information (သတင်းအချက်အလက်) ရှာရတာလွယ်အောင် ထားတာလို့ ထင်တယ်။”ဟု စစ်တွေမြို့ကျောင်းတက်လမ်းရပ်ကွက်နေ ကိုအောင်မင်းစိုး က ပြောသည်။

စစ်တွေ ရပ်ကွက်တစ်ချို့တွင် အပြင်ထွက်သွားလာခွင့်ကဒ် ရရှိသူတွေရှိနေပြီဖြစ်သလို တစ်ချို့ကတော့ မရသေးကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။ မြောက်ဦးနှင့် တောင်ကုတ်မြို့များတွင် စတင် ဖြန့်ဝေမှုများရှိနေသည်ကိုလည်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၂၁၆ ဦးရှိလာပြီဖြစ်သည်။
 
ရခိုင်ပြည်နယ်မှ မြို့နယ်များအားလုံး မိမိအိမ်တွင်နေထိုင်ရန် (Stay at Home) အစီစဉ်တွင် အကျုံးဝင်ကြောင်း အစိုးရကကြေညာထားသည်။

ဓာတ်ပုံ - စစ်တွေမြို့ကမ်းနားလမ်းမှ မြင်ကွင်း

လက်ရှိ ကဒ်ကိုအသုံးပြုန် လုပ်ဆောင်နေသည့်အထဲတွင် ကိုဗစ်ကူးစက်ခံထားရသည့်မြို့များပါဝင်သလို မကူးစက်သေးသ ည့် မြို့များလည်း ပါဝင်သည်။

မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “လောလောဆယ် ကိုဗစ်နိုင်တင်းကာကွယ်ရေး အတွက်တော့ ကောင်းတာပေါ့။ ဥပမာ ကျန်းမာရေးကိစ္စတွေနဲ့ မဖြစ်မနေသွားရမယ်ဆိုရင်တော့ အခက်ခဲနည်းနည်းရှိမယ်ထင်တယ်။”ဟု ဆိုသည်။

လက်ရှိထုတ်ဝေပေးနေသည့် ကဒ်များကို နေအိမ်ပြင်ပသို့ နေ့တိုင်းသွားလာနေရသူဆိုလျှင် အနီရောင်၊ လုပ်ငန်းလုပ်ကိုင်နေရသူဆိုလျှင် အဝါရောင်၊ အဖြူရောင် စသဖြင့် အရောင်တစ်မျိုးစီ ခွဲခြားထားကြောင်း  သိရပြီး ယင်းကဒ်များမှာ မြို့တွင်းသွား လာမှုအတွက်သာ အကျုံးဝင်သည်ဟု စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်သာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly