NLD အနိုင်ရသည်ကို ဒိန်းမတ်အစိုးရ ကြိုဆိုပြီး ပြောင်းလဲမှုအတွက် မဲပေးလိုက်ကြပြီဟုပြော

NLD အနိုင်ရသည်ကို ဒိန်းမတ်အစိုးရ ကြိုဆိုပြီး ပြောင်းလဲမှုအတွက် မဲပေးလိုက်ကြပြီဟုပြော
Mr. Kristian Jensen

နိုဝင်ဘာ ၁၁ ရက် ။           ။ ရွေးကောက်ပွဲမှာ ချီးမွှမ်းရလောက်သည်ထိ အောင်ပွဲရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အား ဂုဏ်ယူပါကြောင်း ဒိန်းမတ်   နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်သည်။

"လက်ရှိထွက်လာနေတဲ့ ရွေးကောက်ပွဲရလဒ်တွေကိုကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြောင်းလဲမှု တစ်ခုဖြစ်ပေါ်လာဖို့အတွက် မဲပေးလိုက်ကြပြီဆိုတာကို ပြသနေပါတယ်။" ဟု ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး Mr. Kristian Jensen ပြောကြားသည်။

"မြန်မာရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျင်းပနိုင်ခဲ့တယ်ဆိုတာကိုလည်း နိုင်ငံတစ်ကာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့အဆိုအရ သိရလို့လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။"

မြန်မာနိုင်ငံအနေဖြင့် ပြောင်းလဲမှုများနှင့် ဒီမိုကရေစီအဆင့်ဆင့်တည်ဆောက်ရန် စိန်ခေါ်မှုများရှိနေသေးသည်ဟုဆိုသည်။ ပြည်သူဆန္ဒဖြစ်သည့် ဒီမိုကရေစီအသွင်းပြောင်းလဲရေးအား ဆက်လက်ဆောင်ရန် အရေးကြီးသည်ဟု ထောက်ပြသည်။

ထို့ပြင် ရိုဟင်ဂျာ (ဘင်္ဂါလီ) များ၏ လူ့အခွင့်အရေးတိုးတက်ရန်နှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရင်လည်း ဆောင်ရွက်ရန် တိုက်တွန်းသည်။

မှန်ကန်သည့် လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာစေရန် ရွေးကောက်တင်မြောက်ခြင်းသည် အရေးပါသော်လည်း ဒိန်းမတ်အနေဖြင့် မြန်မာပြည်သူများအတွက် ဒီမိုကရေစီပြောင်းလဲရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ထောက်ကူသွားမည်ဟု သိရသည်။

Credit - Ministry of Foreign Affairs of Denmark

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly