ရွေးကောက်ပွဲ အနိုင်ရလဒ်ကို ထောက်ခံရန် မြန်မာနိုင်ငံသို့ အိုဘားမား လာရောက်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်ထား

ရွေးကောက်ပွဲ အနိုင်ရလဒ်ကို ထောက်ခံရန် မြန်မာနိုင်ငံသို့ အိုဘားမား လာရောက်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်ထား

သမိုင်းဝင်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခြင်းကို ထောက်ခံအသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်သမ္မတ အိုဘားမားက လာမည့်သီတင်းပတ်အတွင်း  မြန်မာနိုင်ငံသို့   ရောက်ရှိလာမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်လျက်ရှိသည်ဟု ဆိုသည်။

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့ သမ္မတအိုဘားမား ထပ်မံလာရောက်ခြင်းက မြန်မာစစ်တပ်အကြီးအကဲများကို ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသို့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရန်အတွက် ဖိအားပေးသည့် သတင်းစကားဖြစ်လိမ့်မည်ဖြစ်သည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရထားကြောင်း အကြိုမဲရလဒ်များတွင် ပြသလျက်ရှိသည်။

ကမ္ဘာနံပါတ်တစ်ခေါင်းဆောင် အိုဘားမားအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုစကား ပြောကြားနိုင်ရန် NLD မှ တာဝန်ရှိသူများက အမေရိကန်တာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိနေကြောင်း NLD နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ရပ်က ပြောကြားသည်။

သမ္မတအိုဘားမားက အာရှပစိဖိတ်စီးပွားရေးပူးပေါင်းမှု APEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိလစ်ပိုင်သို့ လာရောက်ရန် ရှိသလို ယင်းမှတစ်ဆင့် အရှေ့အာရှခေါင်းဆောင်များ ထိပ်သီးညီလာခံသို့ တက်ရောက်ရန်လည်း မလေးရှားနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။

သမ္မတအိုဘားမားအစိုးရက မြန်မာနိုင်ငံတွင် ၂၀၁၂ မှစကာ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲများကို အရပ်သားတစ်ပိုင်းအစိုးရက စတင်လုပ်ဆောင်လာပြီးနောက် ကမ္ဘာက မြန်မာနိုင်ငံအား ထောက်ပံ့ကူညီမှုတွင် ဦးဆောင်ပါဝင်လျက်ရှိသည်။

သမ္မတအိုဘားမား ပထမသက်တမ်းနှစ်နှစ်အကြာတွင် အာရှအဆင်းရဲဆုံးမြန်မာနိုင်ငံက တံခါးသစ်ဖွင့်လှစ်ခြင်းအပေါ် ယုံကြည်မှုပြသရန် ပထမဆုံးခရီးစဉ်အဖြစ် လာရောက်လည်ပတ်ခဲ့သည်။ ၂၀၁၂ အတွင်းမှာပင် မြန်မာနိုင်ငံအား စီးပွားရေးနှင့် အခြားဒဏ်ခတ်ပိတ်ဆို့မှုများ စတင်ရုတ်သိမ်းပေးခဲ့သည်။

သို့သော် မြန်မာပြုပြင်ပြောင်းလဲမှုက မကြာမီ တန့်ရပ်သွားခဲ့ပြီး စစ်အုပ်စုအစိုးရအား မြန်မြန်ဆန်ဆန်ပင် အသိအမှတ်ပြုခြင်းအတွက် အမေရိကန်နှင့် သြစတြေးလျကဲ့သို့သော အခြားသော အနောက်နိုင်ငံများကို ဝေဖန်မှုများဖြစ်ပွားလာစေခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly