NLD အနိုင်ရနေသည့် အမတ်အရေအတွက်စာရင်းများ ထုတ်ပြန်နေ

NLD အနိုင်ရနေသည့် အမတ်အရေအတွက်စာရင်းများ ထုတ်ပြန်နေ

နိုဝင်ဘာ ၁၁ ရက်  ။               ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က လွှတ်တော်သုံးခုအတွက် ရွေးချယ်ခံ ပါလီမန်အမတ် ၃၃၃ ဦးကို နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။

ယင်းအနက် ၈၈ ဦးသည် ပြည်သူ့လွှတ်တော်၊ ၃၃ ဦးသည် အမျိုးသားလွှတ်တော် အသီးသီးဖြစ်ပြီး ကျန် ၂၁၂ ဦးမှာ ပြည်နယ်/တိုင်းလွှတ်တော်များအတွက်ဖြစ်သည်။

ပြည်သူ့လွှတ်တော်အတွက် ၈၈ ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၇၈ ဦး၊ ပြည်ခိုင်ဖြိုးမှ ၆ ဦး လည်းပါဝင်ကြောင်း နိုဝင်ဘာ ၁၁ ရက် ဆင်ဟွာသတင်းတပုဒ်က ဖော်ပြသည်။

အမျိုးသားလွှတ်တော် ၃၃ ဦးတွင် NLD က ၂၉ ဦး၊ ပြည်ခိုင်ဖြိုးက ၂ ဦး၊ ပြည်နယ်/တိုင်းလွှတ်တော် ကျန် ၂၁၂ ဦးတွင် NLD က ၁၈၄ ဦး၊ ပြည်ခိုင်ဖြိုးက ၁၇ ဦး အသီးသီး အနိုင်ရကြသည်။

လွှတ်တော် ၃ နေရာပေါင်းတွင် NLD က ၂၉၁ ဦးရှိနေပြီး ပြည်သူ့လွှတ်တော်အတွက် ၇၈ ဦး၊ အမျိုးသားလွှတ်တော် ၂၉ ဦး၊ ပြည်နယ်/တိုင်း ၁၈၄ ဦးဖြစ်သည်။

Ref; Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required