ထင်ထားတာထက် ပိုကောင်းသော်လည်း နောင်ရွေးကောက်ပွဲများ ပို၍ မှန်ကန်ရန် လိုအပ်ဟု အီးယူသတိပေး

ထင်ထားတာထက် ပိုကောင်းသော်လည်း နောင်ရွေးကောက်ပွဲများ ပို၍ မှန်ကန်ရန် လိုအပ်ဟု အီးယူသတိပေး

မြန်မာနိုင်ငံရွေးကောက်ပွဲက မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း ဥရောပသမဂ္ဂ အီးယူစောင့်ကြည့်သူများက နိုဝင်ဘာ ၁၀ ရက် ပြောကြားခဲ့ပြီး အနာဂတ်အတွက် စစ်မှန်သည့်ရွေးကောက်ပွဲများ ပိုမိုလိုအပ်ကြောင်း သတိပေးသည်။ အကြိုရလဒ်များအရ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီက အနိုင်ရလျက်ရှိပြီး အစိုးရဖွဲ့နိုင်မည့် အနေအထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံ၏ ပုံရိပ်ကို ပုံဖော်နိုင်မည်ဖြစ်သည်။

"ရွေးကောက်ပွဲက အရင်က ထင်ထားတာထက် ပိုပြီးကောင်းမွန်ပါတယ်။ ဒါပေမယ့် လိုအပ်တာတွေ ရှိတယ်။ နောက်ပိုင်းမှာ ပိုပြီးစစ်မှန်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မြောက်ဖို့ လိုအပ်ပါတယ်။"ဟု အီးယူစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် အလက်ဇန္ဒြားဂရတ်ဖ်လမ်စဒရော့ဖ်က ရန်ကုန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

"အီးယူစောင့်ကြည့်ရေးအဖွဲ့အနေနဲ့တော့ "လွတ်လပ်ပြီး တရားမျှတမှု" ရှိပါတယ်လို့ မပြောလိုပါ။ ဘာကြောင့်ဆို ရွေးကောက်ပွဲတစ်ရပ်မှာက ဖြစ်ပျက်ကိစ္စတွေ အများကြီးရှိပြီး ဒါကို တော်တော်လေး သေချာရှင်းလင်း မသိရှိနိုင်လို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့က စစ်မှန်တဲ့ ရွေးကောက်ပွဲ၊ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဆိုတာမျိုးပဲ ကျွန်တော်တို့ သုံးနိုင်ပါတယ်။"ဟု ၎င်းကပြောသည်။

ယခင်စစ်အုပ်စုဖန်တီးခဲ့သည့် စစ်အရာရှိဟောင်းများ ဦးဆောင်သည့် အာဏာရပြည်ခိုင်ဖြိုးပါတီက နိုဝင်ဘာ ၉ ရက်တွင် ရွေးကောက်ပွဲအရှုံးကို ဝန်ခံထားပြီဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင် တစ်ချက်ချင်းထုတ်ပြန်နေသည့် ရလဒ်များက ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မရှုမလှ အရှုံးရလဒ်များကို ပြသနေသည်။ သို့သော် မဲရလဒ်များက ပြဿနာမရှိကြောင်း အီးယူစောင့်ကြည်သူများက ပြောသည်။

ရွေကောက်ပွဲကော်မရှင်က စစ်အစိုးရရေးဆွဲသည့် ဖွဲ့စည်းပုံအရ ရွေးကောက်ခံမဟုတ်သော တပ်မတော်ကိုယ်စားလှယ်ဦးရေ လေးပုံတစ်ပုံပါရှိနေသည့် ပြည်သူ့လွှတ်တော် အမတ်နေရာ ၄၄၀ အတွက် ၅၁ နေရာ အနိုင်ရကိုယ်စားလှယ်စာရင်းကြေညာရာတွင် NLD က ၄၉ နေရာ အနိုင်ရရှိထားပြီးဖြစ်ကြောင်း ကြေညာထားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required