ရှမ်းပြည်နယ်တွင် SNLD ပါတီမှ ပြည်နယ်လွှတ်တော် အမတ် ၂၅ နေရာ အနိုင်ရရှိ

ရှမ်းပြည်နယ်တွင် SNLD ပါတီမှ ပြည်နယ်လွှတ်တော် အမတ် ၂၅ နေရာ အနိုင်ရရှိ

 နိုဝင်ဘာ ၁၀ ။               ။ ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SLND ပါတီသည် ပြည်နယ် လွှတ်တော်အမတ် ၂၅ နေရာ အနိုင်ရရှိခဲ့သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

ယနေ့ မဲရေတွက်ပြီး နောက်ဆုံးစာရင်းအရ ပြည်နယ်လွှတ်တော် ၂၅ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ အနိုင်ရရှိခဲ့ပြီး ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းမှ တိုင်းရင်းသားရေးရာ မဲစာရင်းမှာ သတင်းမရောက်သေးပါဟု SNLD ပါတီ တောင်ကြီးရုံးမှ သိရသည်။

အနိုင်ရရှိသော ပြည်နယ်လွှတ်တော်ေ နရာများမှာ ကျောက်မဲ မဲဆန္ဒနယ် ၁-၂၊ သီပေါ ၁-၂၊ နမ္မတူ ၂၊ သိန္နီ ၁-၂၊ တန့်ယန်း ၂၊ မိုင်းရယ် ၁-၂၊ မူဆယ် ၁၊ လွိုင်လင် ၂၊ လဲချား ၁-၂၊ မိုင်းကိုင် ၁-၂၊ ကွန်ဟိန်း ၁-၂၊ လင်းခေး ၁-၂၊ မိုးနဲ ၁-၂၊ မောက်မယ် ၁၊ နမ့်စန် ၂၊ မန်စီ ၂ တို့ဖြစ်ကြသည်။

ပြည်သူ့ လွှတ်တော်နေရာများမှာ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ မူဆယ်၊ လဲချား၊ မိုင်းကိုင်၊ ကွန်ဟိန်း၊ လင်းခေး၊ မိုးနဲမြို့နယ်တို့ဖြစ်ပြီး အမျိုးသားလွှတ်တော်နေရာများမှာ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၂)၊ (၃) နှင့် (၄) တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly