ဥရောပအဖွဲ့၏ လေ့လာစောင့်ကြည့်မှုဖြစ်စဉ် နိုဝင်ဘာ ၁၁ရက် ထုတ်ပြန်မည်

ဥရောပအဖွဲ့၏ လေ့လာစောင့်ကြည့်မှုဖြစ်စဉ် နိုဝင်ဘာ ၁၁ရက် ထုတ်ပြန်မည်

နေပြည်တော်၊ နိုဝင်ဘာ ၁၀ ။ ။ ရွေးကောက်ပွဲ ရလာဒ်ကို စည်းစည်းလုံးလုံး နှင့် ရင်ကြားစေ့ကာ လက်ခံရန် ဥရောပပါလီမန် ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့က သတိပေးလိုက်ပြီး ၎င်းတို့အဖွဲ့၏ စောင့်ကြည့်လေ့လာမှုများကို နိုဝင်ဘာ ၁၁ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။

"ရွေးကောက်ပွဲနေ့တွင်မဲပေးရန် ထွက်ပေါ်လာခဲ့သော မြန်မာ့မဲဆန္ဒရှင်များက ဒီမိုကရေစီအသွင်ကူးပြောင်း နေမှုကို အလေးပေး၊တန်ဖိုးထားကြောင်း သက်သေပင်ဖြစ်သည်။ ရွေးကောက်ပွဲပြီးကာလတွင် ရလာဒ်ကို အဘက်ဘက်မှ စည်းစည်းလုံးလုံးနှင့် ရင်ကြားစေ့ကာ လက်ခံရန် အရေးကြီးလှပေသည်။"ဟု "မြန်မာ့အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အထူးကိုယ်စားလှယ် မစ္စ Frederica Mogherini ၏ နိုဝင်ဘာ ၁၀ရက်က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၈ရက်က ပြီးဆုံးသွားခဲ့သည့် ရွေးကောက်ပွဲသည် ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမဆုံးအကြိမ် နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းစွာ အစီအစဉ်တကျ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည်ဟု မစ္စ Fredericaက ချီးကျူးထားသည်။

စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွင် အဓိကပါဝင်ခဲ့သည့် အဖွဲ့ခေါင်းဆောင် ဥရောပပါလီမန် ဒုတိယဥက္ကဌ Alexander Graf Lambsdorff နှင့် အဖွဲ့သည် ရွေးကောက်ပွဲ ပြီးစီးပြည့်စုံသည့် ကာလအထိ မြန်မာနိုင်ငံတွင် ရှိနေပြီဖြစ်သည်။

ဥရောပအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေးအသွင်ကူးပြောင်းနေမှု၊ ငြိမ်းချမ်းရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဖော်ဆောင်သွားနိုင်ရန်အတွက် မိတ်ရင်း၊ ဆွေရင်းအနေဖြင့် ဆက်လက် ကူညီအားပေးထောက်ပံ့သွားရန် အသင့်ရှိပြီးဖြစ်ကြောင်းလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags