တရုတ်၏ တစ်အိမ်ထောင် ကလေးနှစ်ဦးပေါ်လစီက တစ်နှစ်လျင် ကလေးသုံးသန်း ပိုမိုမွေးဖွားမည်

တရုတ်၏ တစ်အိမ်ထောင် ကလေးနှစ်ဦးပေါ်လစီက တစ်နှစ်လျင် ကလေးသုံးသန်း ပိုမိုမွေးဖွားမည်

ပေကျင်း၊ နိုဝင်ဘာ ၁၀ ။       ။ ကြီးမားသည့် အငြင်းပွားဖွယ်ရာဖြစ်သော တစ်အိမ်ထောင် ကလေးတစ်ဦးပေါ်လစီကို ဖျက်သိမ်းပြီး ကလေးနှစ်ဦးယူနိုင်သော ပေါ်လစီကို ပေကျင်းက ပြောင်းလဲပြီးနောက် တစ်နှစ်လျင်းကလေး သုံးသန်းပိုမိုမွေးဖွားလာမည်ဟု တာဝန်ရှိသူများက နိုဝင်ဘာ ၁၀ တွင် ပြောကြားခဲ့သည်။

တစ်အိမ်ထောင်ကလေးတစ်ဦးပေါ်လစီကို ဆယ်စုနှစ်များစွာ တင်းကျပ်စွာကိုင်တွယ်ခဲ့မှုကြောင့် သက်ကြီးရွယ်အိုအရေအတွက် လျင်မြန်စွာတိုးပွားကာ လုပ်သားအင်အားမှာမူ ကျုံ့သွားခဲ့မှုက စီးပွားရေး တိုးတက်မှုနှေးကွေးခြင်းအတွက် စိန်ခေါ်မှုများကို ပိုမိုမြင့်မားစေခဲ့သည်။ လွန်ခဲ့သည့်လက

အဓိကကွန်မြူနစ်ပါတီအစည်းအဝေးတစ်ခုကျင်းပပြီးနောက် ကြေညာခဲ့သည့် ပေါ်လစီအပြောင်းအလဲကြောင့် နောက်ထပ်တရုတ်အမျိုးသမီးသန်း ၉၀ မှာ ဒုတိယကလေးယူခွင့် ရှိလာမည်ဟု အမျိုးသားကျန်းမာရေးနှင့် မိသားစုစီမံကိန်းကော်မရှင်၏ ဒု-ဝန်ကြီး ဝန်ဖေးယန်က ပြောသည်။

သို့သော်လည်း ယင်းသန်း၉၀အနက် ထက်ဝက်ခန့်မှာ အသက် ၄၀နှင့် ၄၉ကြားရှိနေသည်ဟု ၎င်းကပြောသည်။ ယင်းအသက်အရွယ်က ၎င်းတို့၏ ဆန္ဒနှင့် စွမ်းရည်ကို ကန့်သတ်နေသည်။

ပေါ်လစီမပြောင်းမီက သန်း၅၀သောအမျိုးသမီးများမှာ ကင်းလွတ်ခွင့်အမျိုးမျိုးကြောင့် ဒုတိယကလေးယူခွင့် ရှိနေခဲ့ပြီး ကျေးလက်မိသားစုများတွင် ပထမကလေးမှာ မိန်းကလေးဖြစ်လျင်၊ တစ်ယောက်က တစ်ဦးတည်းသော ကလေးဖြစ်သည့် စုံတွဲများနှင့် လူနည်းစုများမှာ ဒုတိယကလေးယူခွင့်ရှိခဲ့သည်ဟု ၎င်းကပြောသည်။

ပေါ်လစီပြောင်းလဲကြောင်းကြေညာမှုက ကလေးအများအပြားကို မွေးဖွားစေကာ စီးပွားရေးကို မြင့်တင်နိုင်မည်ဆိုသည့် ခန့်မှန်းပြောဆိုချက်များ ဖြစ်ပေးစေခဲ့သော်လည်း တရုတ်စုံတွဲအများအပြားမှာ အထူးသဖြင့် ကုန်ကျစရိတ်ကြောင့် နောက်ထပ်ကလေးယူရန် ဆန္ဒမရှိဟု လေ့လာသူများက ပြောသည်။

ထို့အပြင် ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို ရှင်းလင်းစွာမသိရသေးပေ။ ၂၀၁၄ခုနှစ်က တရုတ်တွင် မွေးဖွားမှု ၁၇ သန်းနီးပါးရှိခဲ့ပြီး ပေါ်လစီပြောင်းလဲမှုကြောင့် လာမည့်ငါးနှစ် အတွင်း တစ်နှစ်လျင် နောက်ထပ်ကလေး သုံးသန်းပိုမိုမွေးဖွားလာမည်ဟု ဝန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required