ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန် ဂုဏ်ပြုမည်

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန် ဂုဏ်ပြုမည်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ ရလဒ်များ ကြေညာပြီးသလောက်တွင် တစ်နိုင်ငံလုံးနီးပါး ရာခိုင်နှုန်း ၉၀ ကျော် အနိုင်ရရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံသမ္မတ ဦးသိန်းစိန်က ဂုဏ်ပြုစကား ပြောမည်ဖြစ်သည်။

"ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားပြောဖို့ အစီအစဉ်ရှိတယ်။ အဲဒါကလည်းကော်မရှင်က ရလာဒ်တွေ ထုတ်တာ ပြတ်သွားတဲ့ အချိန်ဖြစ်လိမ့်မယ် အစီအစဉ်ရှိတယ်" သမ္မတ ဦးသိန်းစိန်နှင့် နီးစပ်သည့် အမည်မဖေါ်လိုသူ ကြီးတန်းအရာရှိက အတည်ပြုသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် NLD က လက်ရှိ အာဏာရပါတီ ပြည်ခိုင်ဖြိုးကို တစ်နိုင်ငံလုံးတွင် ရာခိုင်နှုန်း ၉၀ကျော်အထိ အနိုင်ရရှိထားသည်ဟု မြို့နယ်အသီးသီး၏ မဲရလဒ် စာရင်းများအရ NLD က ထုတ်ပြန် ပြောဆိုထားသည်။

လက်ရှိအချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှ အနိုင်ရရှိသည့် အမတ် နေရာများကိုထုတ်ပြန်ပေးနေသည့် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် နေရာအာလုံးနီးပါး တွင်လည်း NLD က အနိုင်ရရှိထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က "ကျွန်တော်တို့ကို မြို့နယ်က ပို့တဲ့မဲရလာဒ်တွေ အရဆိုရင် တစ်နိုင်ငံလုံးမှာ ၈၂ ရာခိုင်နှုန်း ကျော်အနိုင်ရရှိထားပြီ" ဟုလည်း ဆိုသည်။

NLD သည် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးတွင် ကိုယ်စားလှယ်ပေါင်း ၁၁၃၅ ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ပြီး ပြည်ခိုင်ဖြိုးကမူ ၁၁၃၀ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required