နည်းပြမိုယက်စ်ကို ဆိုစီဒက်အသင်းထုတ်ပယ်

နည်းပြမိုယက်စ်ကို ဆိုစီဒက်အသင်းထုတ်ပယ်

နိုဝင်ဘာ ၁၀၊ ဆိုစီဒက်။           ။ ဒေးဗစ်မိုယက်စ်သည် လာလီဂါတွင်ရုန်းကန်နေရသော ဆိုစီဒက်ကိုကိုင်တွယ်သည့် တစ်နှစ်ပြည့်ရန် တစ်ရက်အလိုမှာပင် ရာထူးမှထုတ် ပယ်ခံလိုက်ရပြီဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ဆိုစီဒက်အသင်းကို လာလီဂါတွင်အဆင့် ၁၂ ရအောင်စွမ်းဆောင်ပေးသည့် မိုယက်စ်သည် ၂၀၁၄ နိုဝင်ဘာ ၁၀ တွင် နည်းပြအဖြစ်စတင်တာဝန်ယူခဲ့ခြင်းဖြစ်သည်။

သို့သော်ယခုနှစ်တွင်မူ ဆိုစီဒက်အသင်းမှာရုန်းကန်နေရပြီး နောက်ဆုံးလိဂ်ပွဲငါးပွဲတွင် လေးပွဲမြောက်အဖြစ် သောကြာနေ့၌ လက်စ်ပါးမက်ကို ၂-၀ ဂိုးဖြင့်ရှုံးပြီးနောက် တန်းဆင်းဇုန်အပြင်ဘက်တွင် ဂိုးကွာခြားချက်အသာဖြင့်သာ ရောက်ရှိနေပြီဖြစ်သည်။

အသင်းအနေဖြင့် နည်းပြမိုယက်စ်နှင့်လက်ထောက်နည်းပြ မက်ကင်လေးတို့ကို စာချုပ်ဖျက်သိမ်းရန်ဆုံးဖြတ်လိုက်သည်ဟု ဆိုစီဒက်က ကြေညာခဲ့သည်။

ဘာစီလိုနာလက်ထောက်နည်းပြဟောင်း ဆက်ခရစ္စတန်က မိုယက်စ်၏နေရာကိုဆက်ခံမည်ဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၁၇ ဇွန်အထိဖြစ် သည်။

လာလီဂါအမှတ်ပေးဇယားအဆင့် ၁၆ နေရာတွင်ရပ်တည်နေသော ဆိုစီဒက်အသင်းသည် နိုင်ငံတကာပွဲစဉ်များကြောင့်ရပ်နားထားသည့် ကာလအပြီးတွင် ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာ၊ ချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုနာတို့နှင့် ဆက်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly