တိုက်စစ်မှူးမီချူးကို ဆွမ်ဆီးအသင်းစာချုပ်ဖျက်သိမ်း

တိုက်စစ်မှူးမီချူးကို ဆွမ်ဆီးအသင်းစာချုပ်ဖျက်သိမ်း

နိုဝင်ဘာ ၁၀၊ ဆွမ်ဆီး ။           ။ တိုက်စစ်မှူးမီချူးသည် ဆွမ်ဆီးနှင့် စာချုပ်ဖျက်သိမ်းရန် လျော်ကြေးသဘောတူညီမှုရယူပြီးနောက် အသင်းမှထွက်ခွာသွားပြီဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ မီချူးသည် ၂၀၁၂-၁၃ ရာသီတွင် ဗယ်လ်ကာနိုအသင်းမှ ပေါင် ၂ သန်းဖြင့်သာပြောင်းလာပြီး ၂၂ ဂိုးသွင်းနိုင်သဖြင့် အသင်း၏ထိပ်တန်းဂိုးသွင်းသူဖြစ်ခဲ့သည်။

သို့သော် ၂၀၁၄ ဧပြီကတည်းက ဆွမ်ဆီးအသင်းအတွက် ကစားပေးနိုင်ခြင်းမရှိတော့ဘဲ ပြီးခဲ့သည့်နှစ်ကနာပိုလီသို့အငှားသွားရောက်ခဲ့သော် လည်း ဒဏ်ရာကြောင့် ခြောက်ပွဲသာ ကစားခဲ့ရသည်။

၂၀၁၃ တွင် ဆွမ်ဆီးအသင်းနှင့်စာချုပ်သက်တမ်းတိုးခဲ့သော မီချူး၏စာချုပ်သက်တမ်းမှာ လာမည့်နွေရာသီအထိရှိနေသေးသည်။

နာပိုလီမှပြန်ရောက်လာခဲ့သော်လည်း မီချူးသည်ဆွမ်ဆီးအတွက်ဘယ်တော့မှပြန်ကစားပေးချင်စိတ်မရှိဟု အသင်းဥက္ကဋ္ဌ ယန်းကင်းစ်က မေလတွင် ပြောကြားလိုက်ပြီးနောက် ပွဲထွက်ခွင့်မရတော့သူဖြစ်သည်။

၎င်းအနေဖြင့် စပိန်စတုတ္ထတန်းကလပ် လန်ဂရီယို၏ဆက်သွယ်ခြင်းကိုခံနေရပြီး စပိန်နိုင်ငံသို့ပြန်ဖွယ်ရှိသည်ဟု ယူဆရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly