ရွေးကောက်ပွဲကို အားရသဖြင့် တောင်ကိုရီးယားက မြန်မာနှင့် ဆက်ဆံရေး တိုးမြှင့်လိုလာ

ရွေးကောက်ပွဲကို အားရသဖြင့် တောင်ကိုရီးယားက မြန်မာနှင့် ဆက်ဆံရေး တိုးမြှင့်လိုလာ

ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းပြီးစီးမှုကို ချီးကျုးဂုဏ်ပြုခြင်းအားဖြင့် တောင်ကိုရီးယားက မြန်မာနှင့် ဆက်ဆံရေးတိုးမြှင့်လိုကြောင်း ဖော်ပြလာသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၈ ရွေးကောက်ပွဲက ပြည်သူများ၏ တက်ကြွစွာ ပါဝင်မှုနှင့် အတူ ငြိမ်းငြိမ်းချမ်းချမ်းနှင့် စည်းကမ်းတကျကျင်းပပြီးစီးခဲ့သည်ကို ချီးကျုးဖော်ပြသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲက နိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးမှုတွင် သမိုင်းမှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

"ကျွန်တော်တို့ အစိုးရက မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖော်ဆောင်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲ သမိုင်းရလဒ်အပေါ် အခြေခံပြီး အမျိုးသားဖွံ့ဖြိုးမှုဆီ ဦးတည်သွားမည်လို့ မျှော်လင့်ထားပါတယ်။"ဟု ဖော်ပြသည်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့်လည်း မြန်မာနှင့် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်သွားရန် ရင်းနှီးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြသည်။

ယခုရွေးကောက်ပွဲရလဒ်တွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီအား အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်က မဲအနိုင်ရကာ ဦးဆောင်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required