သမိုင်းဝင်ရွေးကောက်ပွဲ ဆင်နွဲခဲ့သည့် မြန်မာပြည်သူများကို ကုလသမဂ္ဂအကြီးအကဲ ချီးကျုး

သမိုင်းဝင်ရွေးကောက်ပွဲ ဆင်နွဲခဲ့သည့် မြန်မာပြည်သူများကို ကုလသမဂ္ဂအကြီးအကဲ ချီးကျုး

မြန်မာပြည်သူများ၏ သမိုင်းဝင် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် စိတ်ရှည်ခြင်း၊ သတိပြည့်စုံခြင်းနှင့် တက်တက်ကြွကြွပါဝင်ခဲ့ကြခြင်းများအတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ချီးကျုးစကားပြောကြားသည်။

ထိုပြင် အရေးကြီးသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက် ရွေးကောက်ပွဲကော်မရှင်အပါအဝင် ပါဝင်ခဲ့ကြသည်။ ပြည်နယ်များ၊ ဒေသများ၊ နှင့် ပြည်တွင်းအဖွဲ့အစည်းများအားလည်း ဘန်ကီမွန်းက ချီးကျုးခဲ့ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကပြောခဲ့သည်။

"အတွင်းရေးမှူးချုပ်က ရွေးကောက်ပွဲရလဒ်များက ထွက်ပေါ်လာတော့မှာပါ။ ပါဝင်သူ အရေးကြီးပုဂ္ဂိုလ်အသီးသီးတို့အား အားပေးစကားပြောပြီး အကျင့်ဂုဏ်သိက္ခာ၊ တည်ငြိမ်မှုနှင့် အပြန်အလှန်လေးစားမှုများကို ထိန်းသိမ်းသွားရန်အတွက်လည်း မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။"ဟု Stephane ကပြောသည်။

နိုဝင်ဘာ ၈ ရက်တွင် မဲရုံများ ပိတ်ချိန် ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ စောင့်ကြည့်ရေးအဖွဲ့များနှင့် ပြည်သူများ ရှေ့မှောက်တွင် မဲရေတွက်ခြင်းများ စတင်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်များကို နိုဝင်ဘာ ၉ ရက်ကစကာ တစ်ဆင့်ချင်း ထုတ်ပြန်သွားမည်ဟု ကြေညာထားသည်။

ရွေးကောက်ပွဲတွင် မဲပေးနိုင်သူပေါင်း ၃၃ ဒသမ ၅ သန်းရှိပြီး နိုင်ငံအနှံ့ မဲရုံပေါင်း ၄၆၀၀၀ ကျော်တွင် မဲပေးခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံရေးပါတီပေါင်း ၉၁ ပါတီမှ ကိုယ်စားလှယ် ၆၀၃၈ ဦးနှင့် တစ်သီးပုဂ္ဂလ ၃၁၀ ဦးဖြင့် လွှတ်တော်အသီးသီးရှိ အမတ်နေရာ ၁၀၀၀ ကျော်အတွက် ယှဉ်ပြိုင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required